၂ဝ၁ဝ ကမ္ဘာ့ဖလား၌ ဂျာမနီကိုရှုံးခဲ့ပြီးနောက် မက်ဆီ ငိုကြွေးခဲ့ဟု မာရာဒိုနာ ပြောကြား

၂ဝ၁ဝ ကမ္ဘာ့ဖလား၌ ဂျာမနီကိုရှုံးခဲ့ပြီးနောက် မက်ဆီ ငိုကြွေးခဲ့ဟု မာရာဒိုနာ ပြောကြား

အာဂျင်တီးနား လက်ရွေးစင်အသင်း ကို နည်းပြခဲ့ဖူးသော ဂန္ထဝင်တိုက်စစ်မှူး ဟောင်း မာရာဒိုနာက လီယွန်နယ်မက်ဆီ မှာ ၂ဝ၁ဝ ကမ္ဘာ့ဖလားတွင် ဂျာမနီအသင်း ကို လေးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အလွန် အမင်းငိုကြွေးခဲ့ဟု ပြန်ပြောင်းပြောကြား ခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ကလပ် အသင်းနှင့် အောင်မြင်မှုများစွာရရှိထားသူဖြစ်ပြီး တစ်ဦးချင်းစံချိန်တင်မှတ်တမ်းများလည်း ပိုင်ဆိုင်ခဲ့သည်။

သို့သော် မက်ဆီသည် အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလား ချန်ပီယံဆုမယူပေးနိုင်သည်မှာ လက်ရှိ အချိန်အထိဖြစ်သည်။ အာဂျင်တီးနားသည် ၂ဝ၁ဝ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် ဂျာမနီနှင့်တွေ့ဆုံခဲ့ရာ လေးဂိုး ပြတ် အရှက်တကွဲရှုံးနိမ့်ခဲ့သည်။ ထိုစဉ်က မက်ဆီဖြစ်ပျက်ခဲ့ပုံများကို မာရာဒိုနာက ပြန်ပြောင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂ဝ၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အာဂျင် တီးနားအသင်းကိုနည်းပြခဲ့သော မာရာ ဒိုနာက ''ကျွန်တော်က မက်ဆီရဲ့သူငယ် ချင်းဆိုလည်း ဟုတ်ပါတယ်။ ဂျာမနီကို လေးဂိုးပြတ်ရှုံးပြီးနောက် ရေချိုးခန်းထဲမှာ သူငိုနေတာကို ကျွန်တော်မြင်ခဲ့ရတယ်။ ကစားသမားတော်တော်များများက အိမ်ပြန်ဖို့အတွက် ပြင်ဆင်ပြီးတဲ့အချိန်ပေါ့''ဟု ပြောကြားခဲ့သည်။

 



ဖတ်ရှုမှုအများဆုံး