မော်ရင်ဟိုကိုအနိုင်ယူလိုကြောင်း ချယ်လ်ဆီးနည်းပြပြော

မော်ရင်ဟိုကိုအနိုင်ယူလိုကြောင်း ချယ်လ်ဆီးနည်းပြပြော

ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ၎င်း၏ ဆရာဖြစ်ခဲ့ဖူးသော်လည်း ပြိုင်ဘက်အဖြစ် ပြန် လည်ရင်ဆိုင်ရမည့် ပေါ်တူဂီလူမျိုး နည်းပြမော်ရင်ဟိုကို အနိုင်ယူလိုကြောင်း ပြောကြား ခဲ့သည်။

မော်ရင်ဟိုသည် နည်းပြဘဝ၌ ချယ်လ်ဆီးအသင်းကို နှစ်ကြိမ်နှစ်ခါတိုင် နည်းပြ ခဲ့ဖူးသူဖြစ်ပြီး လက်ရှိတွင် ချယ်လ်ဆီး၏ မြို့ခံပြိုင်ဘက် စပါးနည်းပြအဖြစ် ဆောင်ရွက် နေသည်။ ချယ်လ်ဆီးအသင်းသည် ယနေ့ည ၁၁ နာရီတွင် ပရီးမီးယားလိဂ်ပွဲစဉ် (၁၈)အဖြစ် စပါးနှင့် လန်ဒန်ဒါဘီပွဲ ကစားရမည်ဖြစ်သည်။

လမ်းပတ်က ''ဒီပွဲက ကျွန်တော်နဲ့ ဟိုဆေးတို့ရဲ့ ပွဲမဟုတ်ပါဘူး။ စပါးနဲ့ ကစား ရမယ့်ပွဲပါ။ ကျွန်တော် သူ့ကိုနိုင်ချင်ပါတယ်။ သူ့ကို လေးစားပါတယ်။ သူဟာ ထိပ် တန်းမန်နေဂျာဆိုတာကိုလည်း သိပါတယ်။ သူကလည်း ကျွန်တော့်ကို အနိုင်ယူ ချင်မှာပါ။ ဘာလို့လဲဆိုတော့ သူက ချယ်လ်ဆီးကို နည်းပြခဲ့ဖူးသလို သူ့ လက်အောက်မှာ ကျွန်တော် ကစားခဲ့ရပါတယ်။ အခုဆိုရင် သူဟာ တော့တင်ဟမ်ကို နည်းပြနေပါတယ်။ ဒီတော့ သူ့ဘက်ကလည်း ကျွန်တော်တို့ကို နိုင်ချင်မှာ ပါ''ဟု ကော့ဘန်း လေ့ကျင့်ရေးစင်တာ၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။    



ဖတ်ရှုမှုအများဆုံး