အာတီတာအား အာဆင်နယ်အသင်း ၂ဝ၂၃ ခုနှစ်ထိ စာချုပ်ချုပ်

အာတီတာအား အာဆင်နယ်အသင်း ၂ဝ၂၃ ခုနှစ်ထိ စာချုပ်ချုပ်

အာဆင်နယ်အသင်း တာဝန်ရှိသူများသည် ခန့်မှန်း သတင်းများအတိုင်း နည်းပြချုပ်အဖြစ် ကစားသမားဟောင်း အာတီတာကို လာမည့် ၂ဝ၂၃ ခုနှစ်အထိရှိနေမည့် စာချုပ် တစ်ရပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အာဆင်နယ် သည် ယခုနှစ်ရာသီတွင် ရလဒ်ဆိုးရွားမှုကြောင့် နည်းပြ အမ်မရီကို ရာထူးမှထုတ်ပယ်၍ ကစားသမားဟောင်းပင် ဖြစ်သော ယွန်းဘတ်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။

ယွန်းဘတ်၏လက်ထက်တွင်လည်း အသင်းရလဒ်များ ဆိုးရွားခဲ့ပြီးနောက် ၃၇ နှစ်အရွယ် အသင်းခေါင်းဆောင် ဟောင်း အာတီတာကို သုံးနှစ်ခွဲစာချုပ်တစ်ရပ်ဖြင့် ခေါ်ယူ ခဲ့ခြင်း ဖြစ်သည်။ အာတီတာသည် နှစ်ပေါင်း ၁၃၃ နှစ်သက်တမ်းရှိ အာဆင်နယ်အသင်း၏ အယောက် ၂ဝ မြောက် နည်းပြတစ်ဦးဖြစ်လာခဲ့သည်။

စပိန်ကစားသမားဟောင်း အာတီတာသည် အာဆင် နယ်တွင် ငါးနှစ်ကြာ ပါဝင်ကစားခဲ့ပြီး အက်ဖ်အေဖလား နှစ်ကြိမ် ဆွတ်ခူးခဲ့သည်။ ၎င်းသည် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ်က မန်စီးတီးသို့ ရောက်ရှိ ခဲ့ပြီး ယာယီနည်းပြတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ထူးချွန်သော အာတီတာမှာ အာဆင်နယ်အသင်း၌ ကံကောင်းစေရန် ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

အာဆင်နယ်နည်းပြချုပ် ဖြစ်လာခဲ့သော အာတီတာက လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစား သမားသစ် ခေါ်ယူရန် ဆွေးနွေးသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အာဆင်နယ်သည် နွေရာသီဈေးကွက်က ကစားသမားသစ်များ ခေါ်ယူ၍ အင်အားဖြည့်တင်းခဲ့သည့် တိုင် ဇန်နဝါရီ၌ ကစားသမားသစ် ထပ်ခေါ်ရဦးမည်ဖြစ်သည်။

သို့သော် နည်းပြ အာတီတာက အပြောင်းအရွှေ့ကိစ္စရပ်ကို စိတ်မဝင်စားကြောင်း၊ ကောလာဟလသတင်းများ ထွက် ပေါ်နေသည်ကိုလည်း သိရှိပါကြောင်း၊ နိုင်ပွဲများရရှိရန်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းပြန်ရောက်ရန် ကြိုးစားနေရသည်။

 



ဖတ်ရှုမှုအများဆုံး