အင်တာမီလန်နှင့် စီးရီးအေပွဲဦးထွက်တွင် သွင်းယူခဲ့သည့်ဂိုး မိခင်အတွက် ရည်ရွယ်ဟု အက်စပိုစီတို ဖွင့်ဟ

အင်တာမီလန်နှင့် စီးရီးအေပွဲဦးထွက်တွင် သွင်းယူခဲ့သည့်ဂိုး မိခင်အတွက် ရည်ရွယ်ဟု အက်စပိုစီတို ဖွင့်ဟ

ဂျီနိုအာအသင်းအား လေးဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲတွင် အင်တာ မီလန်အတွက် ဂိုးသွင်းယူပေးခဲ့သော ၁၇ နှစ်အရွယ် တိုက်စစ်မှူး အက် စပိုစီတိုက ၎င်း၏သွင်းဂိုးမှာ မိခင်အတွက် ရည်ရွယ်ကြောင်း ဖွင့်ဟပြော ကြားခဲ့သည်။

အင်တာမီလန်သည် လူကာကူ၏ သွင်းဂိုးနှစ်ဂိုးအပါအဝင် ဂက်လီယာဒီနီနှင့် အက်စပိုစီတိုတို့၏ သွင်းဂိုးများဖြင့် ဂိုးပြတ်အနိုင်ရ ခဲ့ခြင်းဖြစ်သည်။ အင်တာမီလန်နည်းပြ ကွန်တီသည် အာဂျင်တီးနားတိုက် စစ်မှူး မာတီနက်ဇ် ပွဲပယ်ထိနေ၍ ပွဲထွက်လူစာရင်းတွင် အက်စပိုစီတိုကို အသုံးပြုခဲ့သည်။

အင်တာမီလန်သည် ပွဲချိန် ၃၁ မိနစ်တွင် လူကာကူ၏ဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယဂိုးကို ဂက်လီယာဒီနီက ၃၂ မိနစ်တွင် သွင်းယူခဲ့သည်။ အင်တာမီလန်သည် ဒုတိယပိုင်း ၆၄ မိနစ်တွင် ပင်နယ်တီရခဲ့ရာ ကန်ခွင့် ရထားသော လူကာကူက ပထမဆုံး စီးရီးအေ ပွဲထွက်ကစားသည့် အက်စပိုစီတိုကို ကန်ခွင့်ပေးခဲ့သည်။

အက်စပိုစီတိုသည် ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး အင်တာမီလန်မှာ တတိယဂိုးရရှိခဲ့သည်။ အင်တာမီလန်အတွက် စတုတ္ထ ဂိုးကို လူကာကူက သွင်းယူခဲ့သည်။ အက်စပိုစီတိုသည် ၂၁ ရာစုတွင် အင်တာမီလန် အသင်းအတွက် အသက်အငယ်ဆုံး စီးရီးအေပွဲထွက် ကစားသူဖြစ်ခဲ့သည်။

အက်စပိုစီတိုက ''ဒီပွဲမှာ ဘယ်လို ကစားရမယ်ဆို တာကို စဉ်းစားရင်းနဲ့ မနေ့ညက အိပ်လို့မပျော်ဘူး။ ဒါကို ကျွန်တော် မလိမ်ပါဘူး။ အသင်းနဲ့ နည်းပြအပါအဝင် ဂိုးပေးကန်ခိုင်းတဲ့ လူကာကူကို ကျေးဇူးတင်ပါတယ်။ ဒီဂိုးက အမေ့အတွက် ရည်ရွယ်ပါတယ်''ဟု ပြော ကြားခဲ့သည်။

အက်စပိုစီတိုသည် ပွဲပြီးနောက် ဝမ်းသာလွန်း၍ မျက် ရည်များကျကာ ပွဲကြည့်စင်၌ရှိသော မိခင်နှင့် ပွေ့ဖက်အောင်ပွဲခံခဲ့ သည်။                            



ဖတ်ရှုမှုအများဆုံး