ပြက္ခဒိန်နှစ် ၁ဝ နှစ်အတွင်း စုစုပေါင်း ကိုးရာသီ အနိမ့်ဆုံး ဂိုး ၅ဝ မက်ဆီသွင်းနိုင်

ပြက္ခဒိန်နှစ် ၁ဝ နှစ်အတွင်း စုစုပေါင်း ကိုးရာသီ အနိမ့်ဆုံး ဂိုး ၅ဝ မက်ဆီသွင်းနိုင်

အာဂျင်တီးနားနှင့် ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ်မက်ဆီသည် အလာဗက်စ်အား လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သောပွဲတွင် အသင်းအတွက် တတိယဂိုး သွင်းယူနိုင်ခဲ့ရာ ၎င်းအတွက် ၂ဝ၁၉ ခုနှစ်အတွင်း နိုင်ငံနှင့်ကလပ် အတွက် ဂိုး ၅ဝ ပြည့်ဖြစ်ခဲ့ကြောင်း သိရသည်။

ဘာစီလိုနာသည် အိမ်ကွင်း တွင် ဂရစ်ဇ်မန်း၊ ဗီဒယ်၊ မက်ဆီနှင့် ဆွာရက်ဇ်တို့၏ သွင်းဂိုးများကြောင့် ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်ပြီး မက်ဆီ မှာ ပွဲချိန် ၆၉ မိနစ်၌ ဆွာရက်ဇ်၏ ဖန်တီးမှုမှတစ်ဆင့် ဂိုးသွင်းပေးခဲ့သည်။

ဂိုးသွင်းပေးနိုင်ခဲ့သော မက်ဆီသည် ၂ဝ၁၉ ခုနှစ်၌ ဂိုး ၅ဝ ပြည့်လာခဲ့ပြီး အချက်အလက်များအရ အာဂျင်တီးနား တိုက်စစ်မှူးမှာ နောက်ဆုံးပြက္ခဒိန်နှစ် ၁ဝ နှစ်အတွင်း ကိုးရာသီမှာ နိုင်ငံနှင့် ကလပ်အတွက် စုစုပေါင်း တစ်ရာသီ လျှင် အနိမ့်ဆုံး ဂိုး ၅ဝ သွင်းနိုင်ခဲ့သည့် မှတ်တမ်းပိုင်ဆိုင်ခဲ့သည်။

မက်ဆီသည် ၂ဝ၁ဝ ပြည့်နှစ်က တစ်နှစ်အတွင်း ဂိုး ၆ဝ သွင်းယူခဲ့ပြီး ၂ဝ၁၁ ခုနှစ်က ၅၉ ဂိုး၊ ၂-ဝ၁၂ ခုနှစ်က ၉၁ ဂိုး၊ ၂ဝ၁၃ ခုနှစ်က ၄၅ ဂိုး၊ ၂ဝ၁၄ ခုနှစ်က ၅၈ ဂိုး၊ ၂ဝ၁၅ ခုနှစ်က ၅၂ ဂိုး၊ ၂ဝ၁၆ ခုနှစ်က ၅၉ ဂိုး၊ ၂ဝ၁၇ ခုနှစ်က ၅၄ ဂိုး၊ ၂ဝ၁၈ ခုနှစ်က ၅၁ ဂိုးနှင့် ယခုနှစ်တွင် ဂိုး ၅ဝ ပြည့် သွင်း နိုင်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာနည်းပြ ဗယ်ဘာဒီက မက်ဆီမှာ မည်သည့်နေရာမဆို ဂိုး သွင်းနိုင်သူဖြစ်ကြောင်း အလာဗက်စ် နှင့်ပွဲအပြီး ချီးကျူးခဲ့သည်။ မက်ဆီသည် အလာဗက်စ်ပွဲတွင် ဆွာရက်ဇ်ဘောလုံး ပေးသည်ကို ဆွဲယူပြီး ၂၅ ကိုက်အကွာ မှ ဂိုး၏ညာဘက်ထောင့်သို့ လှလှပပ ဂိုးသွင်းပေးခဲ့သည်။
 



ဖတ်ရှုမှုအများဆုံး