လက်စတာအား သုံးဂိုး တစ်ဂိုးဖြင့် မန်စီးတီးအနိုင်ကစားခြေစွမ်းပြခဲ့သူ ဒီဘရိုင်း၏ဒဏ်ရာ မစိုးရိမ်ရ

လက်စတာအား သုံးဂိုး တစ်ဂိုးဖြင့် မန်စီးတီးအနိုင်ကစားခြေစွမ်းပြခဲ့သူ ဒီဘရိုင်း၏ဒဏ်ရာ မစိုးရိမ်ရ

မန်စီးတီးအသင်းသည် ဒီဇင်ဘာ ၂၁ ရက်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ အဖြစ် အိမ်ကွင်းတွင် နိုင်ပွဲဆက် နေသော လက်စတာနှင့် ရင်ဆိုင်ခဲ့ရာ ဦးဆောင်ဂိုး ပေးခဲ့ရသော်လည်း သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

နှစ်သင်းစလုံးတွင် အဓိက ကစားသမား များ အစုံအလင်ပါဝင်ခဲ့ပြီး လက်စတာ မှာ ပွဲချိန် ၂၂ မိနစ်၌ ဗာဒီ၏ဂိုးဖြင့် ဦးဆောင်ခဲ့သည်။မန်စီးတီးအတွက် ချေပဂိုးကို မာရက်ဇ်က ပွဲချိန် မိနစ် ၃ဝ တွင် သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ဂန်ဒိုဂန်က ၄၃ မိနစ်၌ ပင်နယ်တီမှ တစ်ဆင့် သွင်းယူခဲ့သည်။

မန်စီးတီးအတွက် တတိယဂိုးကို တိုက်စစ်မှူး ဂျီးဆပ်က ပွဲချိန် ၆၉ မိနစ်တွင် ဒီဘရိုင်း၏ ဖန်တီးမှုမှတစ် ဆင့် သွင်းယူနိုင်ခဲ့၍ ဂိုးပြတ် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာက ၎င်းတို့အသင်းအနေဖြင့် ဗာဒီ၏ဂိုးကို ခွင့်မပြုခင်မှာပင် ကစားပုံ ကောင်းခဲ့ကြောင်း၊ လက်စတာနှင့်ပွဲတွင် ကစားခဲ့သည့် ခြေစွမ်းအတိုင်း လာမည့် ပွဲများ၌ ဆက်လက် ကစားနိုင်ရန် မျှော်လင့်ထားဟု ပြောခဲ့သည်။

ခြေစွမ်းပြခဲ့သည့် ဒီဘရိုင်းမှာ ပွဲ ပြီးလုချိန်တွင် ဒဏ်ရာရခဲ့၍ တိုက်စစ်မှူး အဂူရိုနှင့် လူစားလဲခြင်း ခံခဲ့ရသည်။ သို့သော် ဘယ်လ်ဂျီယံ ကစားသမား ဒီဘရိုင်းက ''ဘာမှမဖြစ်ပါဘူး၊ ကြွက် တက်တာပါ။ ပွဲက တကယ်ကို ခက်ခဲ ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းဟာ အကောင်းဆုံး ဖိအားပေးပြီး ကစား နိုင်ခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။
 



ဖတ်ရှုမှုအများဆုံး