ဝုလ်ဘတ်အား အနိုင်ရခဲ့သည့်ပွဲတွင် စံချိန်တစ်ခု မူလာပိုင်ဆိုင်

ဝုလ်ဘတ်အား အနိုင်ရခဲ့သည့်ပွဲတွင် စံချိန်တစ်ခု မူလာပိုင်ဆိုင်

ဘိုင်ယန်မြူးနစ် အဓိကကစားသမား ဖြစ်သူ သောမတ်စ်မူလာသည် ဝုလ် ဘတ်အား နှစ်ဂိုးပြတ် အနိုင်ရခဲ့သော ပွဲတွင် ဂိုးဖန်တီးနိုင်ခဲ့ရာ ဘွန်ဒက်စ် လီဂါ စံချိန်တစ်ခု ထူးထူးကဲကဲ ပိုင်ဆိုင် ခဲ့ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ် သည် ပွဲချိန် ၈၅ မိနစ်ရောက်မှသာ ဦးဆောင်ဂိုး ရရှိခဲ့ခြင်းဖြစ်ပြီး မူလာက ဂိုးဖန်တီးပေးခဲ့သည်။ ဘိုင်ယန်အတွက် ဒုတိယဂိုးကို ဂါနာဘီက ပွဲချိန် ၈၉ မိနစ်တွင် သွင်းယူပေးခဲ့၍ နှစ်ဂိုးပြတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။

အသက် ၃ဝ အရွယ် ဂျာမနီ ကစားသမားလည်းဖြစ်သူ မူလာသည် နည်းပြဟောင်း ကိုဗတ်လက်အောက် တွင် နေရာမရ ခဲ့သော်လည်း ယာယီ နည်းပြ ဖလစ်ခ်၏လက်ထက် နေရာပြန် ရနေသည်။ မူလာသည် ဘွန်ဒက်စ်လီဂါ ပထမရာသီဝက်တွင် ကစားဖော်များ အတွက် ဂိုးဖန်တီးမှု ၁၁ ကြိမ် ပြုလုပ် ပေးနိုင်ခဲ့သော ပထမဆုံးကစားသမား စံချိန်မှတ်တမ်း ပိုင်ဆိုင်လာခဲ့ပြီဖြစ် သည်။ ၎င်းသည် ယခုနှစ်ရာသီတွင် ငါးဂိုးသွင်းယူပေးထားသည်။

ဘိုင်ယန်မြူးနစ်သည်  ယာယီ နည်းပြ ဖလစ်ခ်ကိုသာ ရာသီကုန်ထိ တာဝန် ပေးထားကြောင်း သိရသည်။ ဘိုင်ယန်မြူးနစ်သည် လာမည့် ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၁၉ ရက်တွင် ဟာ သာဘာလင်နှင့် ကစားမည်ဖြစ်သည်။
 



ဖတ်ရှုမှုအများဆုံး