ချယ်လ်ဆီးနည်းပြလမ်းပတ်က လန်ဒန် ဒါဘီပွဲတွင် ဆရာဟောင်းမော်ရင်ဟိုကို အနိုင်ရခဲ့ခြင်းအတွက် ကျေနပ်နေ ကြောင်း သိရသည်။
စပါးသည် အိမ်ကွင်းတွင် ချယ်လ် ဆီးအား လက်ခံကစားခဲ့ပြီး နှစ်ဂိုး ဂိုး မရှိဖြင့် အရှုံးပေးခဲ့ရသည်။ ချယ်လ်ဆီး အတွက်ဦးဆောင်ဂိုးကို ဘရာဇီးသား ဝီလျံ က ပွဲချိန် ၁၂ မိနစ်တွင် ပင်နယ်တီဧရိယာ ညာ ခြမ်းမှ ဂိုး၏ဘယ်ဘက်ထောင့်သို့ လှလှပပ ကန်သွင်းပေးခဲ့သည်။ ဝီလျံ သည် ပထမပိုင်းပြီးလုချိန်တွင် ရရှိခဲ့သော ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းခဲ့၍ နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်သည် ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါကို ခြေထောက်ဖြင့် လှမ်းကန်ခဲ့ရာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ မော်ရင် ဟိုသည် ¤င်း၏နည်းပြဘဝ၌ အိမ်ကွင်းပွဲတွင် အသင်းဟောင်းကို ပထမဆုံး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
နည်းပြလမ်းပတ်က ''ပွဲမကစားမီကတည်းက သူက ကျွန်တော့်ကို နိုင် ချင်တယ်လို့ ပြောခဲ့တယ်။ ကျွန်တော်ကလည်း နောက်တစ်ရက်မှာ သူ့ အတိုင်း ပြန်ပြောခဲ့ပါတယ်။ ဒါက သူ့ကို နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့လေးစားမှုပါ။ သူ လုပ်ပြခဲ့တာတွေရှိတယ်။ ကျွန်တော့် အပေါ်လည်း ကောင်းတယ်။ သူ့လက်ထက် စပါးကလည်း အင်အား တောင့်တင်းတယ်။ ဒီတော့ သူ့ကို နိုင်ခဲ့တာက ကျေနပ်စရာပါ''ဟု ပြောခဲ့သည်။















