တိုက်စစ်မှူးသစ် ခေါ်မည်မဟုတ်ဟု ဘီလ်ဘာအိုနဲ့ပွဲအပြီး ဇီဒန်းပြောကြား

တိုက်စစ်မှူးသစ် ခေါ်မည်မဟုတ်ဟု ဘီလ်ဘာအိုနဲ့ပွဲအပြီး ဇီဒန်းပြောကြား

ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်းက ၎င်းတို့အနေဖြင့် လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် တိုက် စစ်မှူးသစ် ခေါ်ယူမည်မဟုတ်ကြောင်း ဘီလ်ဘာအိုနှင့် ဂိုးမရှိ သရေကျခဲ့သည့်ပွဲအပြီး အသိပေးပြောကြား ခဲ့သည်။ရီးရဲလ်မက်ဒရစ်သည် အိမ်ကွင်းတွင် ဂိုးမသွင်းနိုင်ခဲ့၍ နှစ်ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့သည်။
 

တိုနီခရူးစ်နှင့် နာချိုတို့မှာ ပထမပိုင်း၌ ဂိုးသွင်းသော်လည်း တိုင်ထိခဲ့၍ ရီးရဲလ်မက်ဒရစ် ဂိုးကံခေခဲ့ သည်။ ပြင်သစ်တိုက်စစ်မှူးဘန်ဇီမာမှာ ယခုနှစ် လာလီဂါ ၁၇ ပွဲကစားခဲ့ရာ ၁၂ ဂိုး သွင်းယူထားပြီးတိုက်စစ် တာဝန်ထမ်းပိုးထားရသည်။

ဖရန့်ဖတ်မှ ပြောင်းရွှေ့ခဲ့သော ဆားဘီးယားတိုက်စစ်မှူး ဂျိုဗစ်သည် ရီးရဲလ်အတွက် တစ်ဂိုးသာ သွင်းထားနိုင်သည်။ တိုက်စစ်အားနည်းမှုရှိနေ၍ ရီးရဲလ်မှာ ဇန်နဝါရီတွင် တိုက် စစ်နေရာ အားဖြည့်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ သို့သော် နည်းပြဇီဒန်းက တိုက်စစ်မှူးသစ်ခေါ်မည် မဟုတ် ကြောင်း၊ လိုအပ်သည်ဟုမထင်ကြောင်း ပွဲအပြီး၌ပြောခဲ့သည်။

ရီးရဲလ်မက်ဒရစ်သည် ယခုနှစ် လာလီဂါတွင် ဂိုးမသွင်း နိုင်ခဲ့သည့်ပွဲ ငါးပွဲအထိရှိနေသည်။ တိုက်စစ်ပြဿနာ ရှိနေသည် ဟု မထင်ကြောင်း ဇီးဒန်းက အသိပေးလိုက်ပြီး ဘီလ်ဘာအိုပွဲ တွင် ကစားခဲ့သည့် ကစားသမားများ၏ခြေစွမ်းကို ကျေနပ် ကြောင်းဆိုခဲ့သည်။  ရီးရဲလ်သည်  လာလီဂါ ဦးဆောင်သူ ဘာစီလိုနာနှင့် နှစ်မှတ်ကွာဟ ကာ ၃၇ မှတ်ဖြင့်  ဒုတိယနေရာတွင် ရပ်တည်နေသည်။          



ဖတ်ရှုမှုအများဆုံး