ဘောက်ဆင်ဒေးမှာ ဘယ်အသင်းတွေ ခြေချော်နိုင်မလဲ

ဘောက်ဆင်ဒေးမှာ ဘယ်အသင်းတွေ ခြေချော်နိုင်မလဲ

စပါး − ဘရိုက်တန်

ကြာသပတေး၊ ည ၇းဝဝ

မော်ရင်ဟိုအတွက် နောက်ထပ် လက်ဆောင်ကောင်း တစ်ခုပါပဲ။ ဘရိုက်တန်က ကိုယ်နဲ့တန်းတူ အလယ်အလတ် အသင်းတွေကိုတောင် နိုင်အောင်မကစားနိုင်တဲ့ အသင်းပါ။ အခုလည်း အဝေးကွင်းဖြစ်နေတော့ စပါးအသင်းအတွက် လွယ်ကူမယ်ထင်ပါတယ်။ စပါးအသင်းတိုက်စစ်က ဂိုးဘယ်လောက်သွင်းမလဲ စောင့်ကြည့်ရမယ့်ပွဲပါ။

ဘုန်းမောက် − အာဆင်နယ်

ကြာသပတေး၊ ည ၉း၃ဝ

ယခင်တွေ့ဆုံမှုတွေမှာ ဘုန်းမောက်ဟာအာဆင်နယ်ကို ပြတ်ပြတ်သားသား အရေးနိမ့်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ဘုန်းမောက်တို့ တန်းဆင်းဇုန်နဲ့ဝေးအောင်လုပ်ဆောင်နေတာကိုတော့ မေ့ထားလို့မရပါဘူး။ အာဆင်နယ်ကလည်း အသင်းကို တည်ငြိမ်အောင် ကြိုးစားနေရတဲ့ အချိန်ပါ။ ဒါကြောင့် ဘုန်းမောက်တို့ အိမ်ကွင်းမှာ အမှတ်ရအောင် ယူနိုင်လိမ့်မယ်။

ဗီလာ − နော်ဝစ်ချ်

ကြာသပတေး၊ ည ၉း၃ဝ

နှစ်သင်းစလုံးက ဇယားအောက်ဘက်နားကအသင်းတွေပါ။ ဗီလာက လီဗာပူးကို လိဂ်ဖလားပြိုင်ပွဲမှာ ငါးဂိုးပြတ်နဲ့ အနိုင်ရထားလို့စိတ်ဓာတ်တက်ကြွနေပါတယ်။ နော်ဝစ်ချ်ကလည်း တန်းဆင်းဇုန်ထဲကလွတ်အောင်ရုန်းနေပါတယ်။ ဒါပေမဲ့ ရလဒ်ပိုင်းကတော့ သိပ်အကောင်းကြီးမဟုတ်ပါဘူး။ ဒီလိုအခြေအနေတူနှစ်သင်းတွေ့ဆုံမှုမှာ အိမ်ရှင်ကိုပဲ အားပေးသင့်တယ်။

ချယ်လ်ဆီး − ဆောက်သမ်တန်

ကြာသပတေး၊ ည ၉း၃ဝ

ချယ်လ်ဆီးတို့ အခုအိမ်ကွင်းပွဲစဉ်မှာ ရလဒ်ကောင်းရအောင် စွမ်းဆောင်ရမှာပါ။ဆောက်သမ်တန်း အမှတ်ပေးဇယား အောက်နားက အသင်းဖြစ်နေတာက ချယ်လ်ဆီးတို့အတွက် ကံကောင်းစေပါတယ်။ ဒါပေမဲ့ဆောက်သမ်တန်က ကိုယ့်ထက်အင်အားကြီးတဲ့အသင်းတွေကို ခံကစားတတ်တာကိုတော့ ချယ်လ်ဆီးတို့ သတိပြုရမှာပါ။ အနိုင်ရလဒ်ကတော့ ချယ်လ်ဆီးဖက်မှာ ရှိနေမှာပါ။

ပဲလေ့စ် − ဝက်စ်ဟမ်း

ကြာသပတေး၊ ည ၉း၃ဝ

ဒီနှစ်သင်းရဲ့ ယခင်တွေ့ဆုံမှုတွေကို ပြန်ကြည့်ရင် တစ်သင်းနဲ့ တစ်သင်း ပြတ်ပြတ်သားသား အသာရထားတာမရှိပါဘူး။ အရင်ကတည်းက တန်းတူ အနေအထားလောက်သာရှိတဲ့ အသင်းတွေပါ။ လက်ရှိ ရာသီမှာတော့ ပဲလေ့စ်က ခြေနည်းနည်းတက်နေပါတယ်။ ဒါကြောင့် အခုပွဲစဉ်ဟာ ဝက်စ်ဟမ်းအတွက် စိုးရိမ်စရာရှိပါတယ်။ အိမ်ရှင်အသင်းကိုပဲ ရွေးချယ်ရမှာပါ။

အဲဗာတန် − ဘန်လေ

ကြာသပတေး၊ ည ၉း၃ဝ

အသင်းကြီးတွေကို တောက်လျှောက်ခံကစားခဲ့တဲ့ အဲဗာတန်အတွက် အစမ်းသပ်ခံရမယ့်ပွဲပါ။ ဘန်လေကလည်း အသင်းကြီးတွေနဲ့ ဆက်တိုက် ရှုံးပွဲဆက်ခဲ့ပြီး နယူးကာဆယ်နဲ့ပွဲမှ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။ ဒါကြောင့်ဒီနှစ်သင်းက ခြေစွမ်းပိုင်းမကွာကြပါဘူး။ အဲဗာတန်မှာတော့ အိမ်ရှင်ဆိုတဲ့ အားသာချက်ရှိပါတယ်။ ဘန်လေတို့ အမှတ်ဆုံးရှုံးဦးမယ့်ပွဲပါ။

ရှက်ဖီးလ် − ဝက်ဖို့ဒ်

ကြာသပတေး၊ ည ၉း၃ဝ

ရှက်ဖီးလ်က အမှတ်ပေးဇယား အလယ်လောက်မှာ ရှိနေပြီး ဝက်ဖို့ဒ်က ဇယားအောက်ဆုံးက အသင်းပါ။ အခြေအနေခြင်း အများကြီးကွာပါတယ်။ အခုကစားရမှာကလည်း ရှက်ဖီးလ်ကွင်းဖြစ်နေတော့ ဝက်ဖို့ဒ်အတွက် အခွင့်အရေးနည်းနေပါတယ်။ ရှက်ဖီးလ်ကို ကြိုက်ပါတယ်။

မန်ယူ − နယူးကာဆယ်

သောကြာ၊ နံနက် ဝဝးဝဝ

မန်ယူအသင်း ပွဲတွေဆက်နေတယ်ဆိုပေမဲ့သူတို့ကစားခဲ့ရတာက အသင်းငယ်လေးတွေပါ။ နယူးကာဆယ်က မန်ယူထက်စာရင် အနားပိုရထားပါတယ်။ မန်ယူအိမ်ကွင်းဖြစ်လို့ဒီပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။

လက်စတာ − လီဗာပူး

သောကြာ၊ နံနက်၂း၃ဝ

လက်စတာအသင်းအတွက် နောက်ထပ်အသင်းကြီးတစ်သင်းနဲ့ ထပ်မံတွေ့ဆုံနေတာပါ။ နှစ်သင်းစလုံးက ယခုနှစ် ပရီမီယာလိဂ်ပြိုင်ပွဲမှာ ခြေအမှန်ဆုံးနဲ့ အကောင်းဆုံးအသင်းတွေလို့ ဆိုနိုင်ပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအတွက်လည်း အစမ်းသပ်ခံရမယ့်ပွဲပါ။ လက်စတာအသင်း ကစားား ကောင်းတယ်ဆိုပေမဲ့ အတွေ့အကြုံအရဆိုရင်တော့ လီဗာပူးကို ပိုကြိုက်တယ်။

ဝုဗ် − မန်စီးတီး

စနေ၊ နံနက် ၂း၁၅

ဝုဗ်အသင်းက ပရီမီယာလိဂ်မှာ ကစားရခက်တဲ့ အသင်းတွေထဲမှာ ပါပါတယ်။ အိမ်ကွင်းမှာဆိုရင် ဘယ်အသင်းကိုမဆို ဒုက္ခပေးတတ်တဲ့အသင်းပါ။ မန်စီးတီးက အခုပွဲမတိုင်မီကစားအားကောင်းတဲ့ လက်စတာနဲ့လည်းကစားခဲ့ရပါသေးတယ်။ ဒါ့ပြင် လိဂ်ဖလားပွဲလည်း ကစားထားရလို့ ပွဲဆက်များပြီးပွဲပန်းနေနိုင်ပါတယ်။ ကစားသမားအင်အား တောင့်တင်းလို့ မန်စီးတီးတို့ အနိုင်ရခဲ့မယ်ဆိုရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။



ဖတ်ရှုမှုအများဆုံး