တရုတ်၌ လိင်အလုပ်သမများကို ဖမ်းဆီးပညာပေးသည့်စနစ်ကို ဖျက်သိမ်း

တရုတ်၌ လိင်အလုပ်သမများကို ဖမ်းဆီးပညာပေးသည့်စနစ်ကို ဖျက်သိမ်း

တရုတ်နိုင်ငံ၌ လိင်အလုပ်သမများကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ပြန်လည်ပညာပေးမှုများလုပ်ဆောင်နေသည့် စနစ်ကို ဖျက်သိမ်းရန် တရုတ်ဥပဒေပြုအမတ်များက ဒီဇင်ဘာ ၂၈ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။

တရုတ်နိုင်ငံ၌ ရဲတပ်ဖွဲ့ဝင်များသည် လိင်အလုပ်သမများနှင့် ဖောက်သည်များကို ဖမ်းဆီးပြီး တရားစွဲဆိုမှုမရှိဘဲ နှစ်နှစ်အထိ ဖမ်းဆီးခွင့်ရရှိခဲ့ကြောင်း နိ်ုင်ငံပိ်ုင်မီဒီယာကဖော်ပြခဲ့သည်။ဆယ်စုနှစ်သုံးခုကြာ အဆိုပါစနစ်သည် ပညာရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ဝေဖန်ပြောဆိုမှုများရှိခဲ့သည်။

တရုတ်နိ်ုင်ငံ၌ လိင်အလုပ်သမများသည် ရဲတပ်ဖွဲ့ဝင်များ၏အကြမ်းဖက်မှု၊ မလုပ်မနေရ အလုပ်ကြမ်းလုပ်ရမှု၊ လိင်မှတစ်ဆင့်ကူးစက်ခံရသည့် ရောဂါများရှိမရှိကို အလိုမတူဘဲ စစ်ဆေးခံနေရမှု၊ အရှက်ခွဲခံရမှုနှင့် ချုပ်နှောင်ရေးစခန်းများတွင် ရုပ်ပိုင်းအကြမ်းဖက်မှု အစရှိသည့် အနိုင်ကျင့်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း အာရှဒေသတွင်းရှိ အဖယ်ထုတ်ခံရသူများအရေးလုပ်ဆောင်နေသည့် အင်န်ဂျီအိုတစ်ခုဖြစ်သော Asia Catalyst ၏အကြီးအကဲ ရှန်း တင်တင်းကပြောဆိုခဲ့သည်။

လိင်အလုပ်သမများအား ချုပ်နှောင်ပြီးပြန်လည်ပညာပေးသည့် စနစ်သည် ဒီဇင်ဘာ ၂၉ ရက်မှစ၍ အဆုံးသတ်မည်ဖြစ်ပြီး ချုပ်နှောင်ရေးစခန်းများတွင် နေထိ်ုင်နေရသူများ ချက်ချင်းလွတ်မြောက်မည်ဖြစ်ကြောင်း နိ်ုင်ငံပိ်ုင်ဆင်ဟွာသတင်းဌာနကဖော်ပြခဲ့သည်။

တရုတ်ဥပဒေပြုရေးကော်မတီသည် အလုပ်ကြမ်းစခန်းများမှတစ်ဆင့် ပြန်လည်ပညာရေးသည့် စနစ်ကို ဖျက်သိမ်းခဲ့သည့် ၂၀၁၃ ခုနှစ်မှစ၍ ချုပ်နှောင်ရေးစခန်းများကိုလည်း ဖျက်သိမ်းပေးရန် အများပြည်သူတောင်းဆိုမှုများရှိခဲ့သည်။

သို့သော် ရဲတပ်ဖွဲ့ဝင်များသည် လိင်အလုပ်သမများနှင့် ဖောက်သည်များကို ဆက်လက်ဖမ်းဆီးခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် နာမည်ကျော် သရုပ်ဆောင် ဟွန်ဟိုင်ပိုကို လိင်အလုပ်သမတစ်ဦးနှင့် ပျော်ပါးခဲ့မှုဖြင့် ခြောက်လချုပ်နှောင်ထားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကို နိုင်ငံပိ်ုင်မီဒီယာက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။တရုတ်နိုင်ငံ၌ ပြည့်တန်ဆာလုပ်ငန်းသည် တရားမဝင်သော်လည်း လိင်အလုပ်သမသန်းပေါင်းများစွာရှိနေသည်။ လက်ရှိဥပဒေများအရ လိင်အလုပ်သမများနှင့် ဖောက်သည်များသည် ယွမ် ၅၀ဝ၀( ၇၁၄ ဒေါ်လာ) ဒဏ်ငွေချမှတ်ခံရမည်ဖြစ်ပြီး ၁၅ ရက်အထိ ချုပ်နှောင်ခံရမည်ဖြစ်သည်။