နည်းပြဂျာဒင်ကို ထုတ်ပယ်၍ မိုရီနိုအား တာဝန်ပေး

နည်းပြဂျာဒင်ကို ထုတ်ပယ်၍ မိုရီနိုအား တာဝန်ပေး

ပြင်သစ်လီဂူးကလပ် မိုနာကိုသည် နည်းပြ ဂျာဒင်အား ရာထူးမှထုတ်ပယ် ၍ နည်းပြသစ်အဖြစ် စပိန်လက်ရွေး စင်နည်းပြဟောင်း မိုရီနိုကို တာဝန်ပေး ခန့်အပ်ခဲ့ကြောင်း သိရသည်။ နည်းပြ ဂျာဒင်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီက မိုနာကိုသို့ တစ်ကျော့ပြန်လည်ရောက်ရှိ ခဲ့သူဖြစ်သည်။

ဂျာဒင်၏လက်ထက်တွင် မိုနာကိုအသင်း၏ ရလဒ်များမှာ မတည် မငြိမ်ဖြစ်ခဲ့သည်။ ဂျာဒင်သည် မိုနာကို အသင်းနည်းပြအဖြစ် ၂၀၁၇ ခုနှစ်တွင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် တက်ရောက် ရန် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်။
မိုရီနိုကို နည်းပြသစ်အဖြစ် ကြေ ညာခွင့်ရ၍ အလွန်ကျေနပ်မိကြောင်း၊ မိုရီနိုကို ယုံကြည်မှုအပြည့်ရှိကြောင်း၊ မိုရီနိုမှာ အသင်းအောင်မြင်မှုရရှိရန် စွမ်းဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိုရီနိုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း မိုနာကို ဒုဥက္ကဋ္ဌနှင့် အထွေထွေ မန် နေဂျာ တာဝန်ယူထားသူ ပီထရော့ဗ်က ပြောကြားခဲ့သည်။
မိုရီနိုသည် ၎င်း၏နည်းပြဘဝတွင် ပထမဆုံးကလပ်အဖြစ် မိုနာကိုçကို စတင်တာဝန်ယူခြင်းဖြစ်သည်။ မိုရီနို သည် ရိုးမား၊ ဆဲလ်တာဗီဂိုနှင့် ဘာစီ လိုနာအသင်းတို့၌ လက်ထောက်နည်းပြ အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၉ မတ် လက စပိန်လက်ရွေးစင်အသင်းကို ယာယီနည်းပြသူ ဖြစ်သည်။ စပိန်သား မိုရီနိုသည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၄ ရက်တွင် ကစားမည့် ရိမ်းစ်နှင့် လီဂူးပွဲကို ပထမဆုံး နည်းပြမည်ဖြစ် သည်။ ၄၂ နှစ်အရွယ် နည်းပြ မိုရီနို သည် မိုနာကိုအသင်းနှင့် လာမည့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ခဲ့သည်။



ဖတ်ရှုမှုအများဆုံး