လက်စတာ ရှုံးပွဲအပြီး နည်းပြပယ်လီဂရီနီအား ဝက်စ်ဟမ်းထုတ်ပယ်

လက်စတာ ရှုံးပွဲအပြီး နည်းပြပယ်လီဂရီနီအား ဝက်စ်ဟမ်းထုတ်ပယ်

ဝက်စ်ဟမ်းအသင်း တာဝန်ရှိသူ များသည် လက်စတာအား နှစ်ဂိုး တစ် ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြချုပ် ပယ်လီဂရီနီကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်သည်။

ဝက်စ် ဟမ်းသည် အိမ်ကွင်း လက်ခံကစား ခဲ့ရပြီး ပထမပိုင်းတွင် တစ်ဂိုးစီ သရေ ကျခဲ့သည်။ လက်စတာအတွက် အနိုင် ဂိုးကို ဂရေးက ၅၆ မိနစ်တွင် သွင်းယူခဲ့၍ ဝက်စ်ဟမ်းမှာ ယခုရာသီ ပရီး မီးယားလိဂ် ၁၀ ပွဲမြောက် ရှုံးပွဲဖြင့် ရင်ဆိုင်ခဲ့ရသည်။ မန်စီးတီး နည်းပြဟောင်း ပယ်လီဂရီနီသည် ၂၀၁၈ ခုနှစ် မေလက ဝက်စ်ဟမ်းသို့ရောက်ရှိ ခဲ့သူဖြစ်ပြီး ပထမရာသီတွင် အဆင့် ၁၀ ဖြင့် ပန်းဝင်ရန် စွမ်းဆောင်ပေးခဲ့ သည်။

ပယ်လီဂရီနီ၏လက်ထက် ယခု ရာသီ၌ ရလဒ်များဆိုးရွားနေပြီး ပရီး မီးယားလိဂ် ငါးပွဲသာ အနိုင်ရခဲ့သည်။ ဝက်စ်ဟမ်းသည် ၂၀၁၉ စက်တင်ဘာ က ကာရာဘောင်းဖလားပွဲ၌ အော့ဖို့ဒ် ယူနိုက်တက်ကို လေးဂိုးပြတ် ရှုံးနိမ့် ခဲ့သည်။ အလွန်အမင်း စိတ်ပျက်စရာကောင်းနေ၍ ပယ်လီဂရီနီကိုထုတ်ပယ် ရန် ဆုံးဖြတ်ခဲ့ရဟု ဝက်စ်ဟမ်းအသင်း ဥက္ကဋ္ဌ ဆူလီဗန်က ပြောကြားခဲ့သည်။

ပယ်လီဂရီနီသည် ဝက်စ်ဟမ်းအား ၆၄ ပွဲ နည်းပြခဲ့ရာ ၂၄ ပွဲနိုင်၊ ၁၁ ပွဲ သရေ၊ ၂၉ ပွဲရှုံးဖြင့် မှတ်တမ်းပိုင်ဆိုင်ခဲ့ သည်။ ဝက်စ်ဟမ်းနည်းပြသစ် ဖြစ်လာရန် မန်ယူနှင့် အဲဗာတန်နည်းပြဟောင်း မိုရက်စ် ရေပန်းစားနေသည်။ ဝက်စ်ဟမ်းသည် ၃၁ ရက်တွင် ဘုန်းမောက် နှင့် ကစားရမည်ဖြစ်ပြီး နည်းပြသစ် မကြေညာသေးပေ။



ဖတ်ရှုမှုအများဆုံး