ဂျပန်ကစားသမား မီနာမီနို လီဗာပူးနှင့် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်း အဲဗာတန်နှင့် အက်ဖ်အေဖလားပွဲ၌ ပွဲဦးထွက် ကစားနိုင်မည်

ဂျပန်ကစားသမား မီနာမီနို လီဗာပူးနှင့် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်း အဲဗာတန်နှင့် အက်ဖ်အေဖလားပွဲ၌ ပွဲဦးထွက် ကစားနိုင်မည်

လီဗာပူးသို့ ပြောင်းရွှေ့ကြေး ပေါင် ၇ ဒသမ ၂၅ သန်းဖြင့် ရောက်ရှိခဲ့သော ဂျပန် တောင်ပံကစားသမား မီနာမီနိုသည်အသင်း နှင့် ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခဲ့ ကြောင်း သိရသည်။ (၂၄) နှစ်အရွယ် မီနာမီနို သည် ဆဲလ်ဘတ်အသင်းတွင် ခြေစွမ်းပြ ကစားခဲ့သူဖြစ်ပြီး ခန့်မှန်းသတင်းများအတိုင်း လီဗာပူးသို့ ရောက်ရှိခဲ့သည်။

မီနာမီနိုသည် လီဗာပူး၏ မဲလ်ဝုဒ် လေ့ကျင့်ရေးကွင်းသို့ ရောက်လာခဲ့ပြီး ကစားဖော်များနှင့် ရင်းရင်း နှီးနှီး တွေ့ဆုံခဲ့သည်။ မီနာမီနိုသည် လီဗာပူး နည်းပြကလော့ပ်နှင့်လည်း တွေ့ဆုံကာ စကား ပြောဆိုခဲ့သည်။

လီဗာပူးကစားသမားများမှာ မီနာမီနိုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြောင်းလည်း သိရသည်။ မီနာမီနိုသည် ယနေ့ကစားမည့် ရှက် ဖီးလ်ယူနိုက်တက်နှင့်ပွဲတွင် ပါဝင်နိုင်မည် မဟုတ်ဘဲ အဲဗာတန်နှင့် ကစားမည့် အက်ဖ် အေဖလား တတိယအဆင့်ပွဲ၌သာ ပထမဆုံး ပွဲထွက်ကစားနိုင်မည်ဖြစ်သည်။ ပရီးမီးယား လိဂ်၏ စည်းမျဉ်းအရ ဇန်နဝါရီ ၁ ရက်၊ ၂ ရက်တွင် ခေါ်ယူသည့် ကစားသမားများမှာ ပွဲစဉ်(၂၁)တွင် ပါဝင်ကစားခွင့်မရှိပေ။ မီနာမီနို သည် လီဗာပူးနှင့် ပထမဆုံးပွဲထွက်ရန် အချိန် စောင့်ရဦးမည်ဖြစ်သည်။ မီနာမီနိုသည် ၂ဝ၂ဝ ဇန်နဝါရီ ၁၁ ရက်တွင် စပါးနှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲ၌လည်း ပါဝင်မည်ဖြစ်သည်။

မီနာမီနိုက ၎င်းအတွက် လီဗာပူးကစားသမားဖြစ်ခွင့်ရသည်မှာ အိပ်မက်ဟု ပြောကြားခဲ့သည်။ လီဗာပူးနည်းပြ ကလော့ပ်ကလည်း မီနာမီနိုမှာ ကစားသမားကောင်းတစ်ဦးဖြစ် ကြောင်း ချီးကျူးထားသည်။

လီဗာပူးသည် ဇန်နဝါရီ ၂ ရက်တွင် ရှက်ဖီးလ်ယူ နိုက်တက်ကို ရင်ဆိုင်ရမည်ဖြစ်ရာ ကွင်းလယ် လူရှာကီရီမှာ တံကောက်ကြောဒဏ်ရာကြောင့် ကစားနိုင်မည် မဟုတ်ပေ။ လီဗာပူးမှအခြား ကစားသမားများဖြစ်သည့် ချိန်ဘာလိန်၊ ဖာဘင်ဟို၊ မာတစ်နှင့် လော့ဗ်ရန်တို့မှာ ဒဏ် ရာရနေသည်။ လီဗာပူးသည် ဇန်နဝါရီ ၂ ရက် ည ၂ နာရီခွဲတွင် ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အဖြစ် ရှက်ဖီးလ်ယူနိုက်တက်နှင့် ကစားမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး