ဘန်လေ − ပီတာဘရော့ စနေ၊ ည ၇းဝ၁
ဘန်လေက ပရီမီယာလိဂ်အဆင့် (၁၃) က အသင်းဖြစ်ပြီး ပီတာဘရော့ကတော့ လိဂ်ဝမ်း အဆင့် (၆) မှာ ရောက်နေတဲ့အသင်းပါ။ အသင်းအနေအထားချင်းက အများကြီးကွာ ပါတယ်။ ဒါ့ပြင် ဘန်လေဟာ သူ့ထက်အားနည်းတဲ့အသင်းတွေကို ကောင်းကောင်းကန်တတ်တဲ့အသင်းပါ။ ဒါကြောင့် ဘန်လေကွင်းမှာ ပီတာဘရော့ အသင်းအတွက် မျှော်လင့်ချက်မရှိနိုင်ပါဘူး။ ဘန်လေပါပဲ။
ဆောက်သမ်တန် − ဟတ်ဒါးစ်ဖီးလ် စနေ၊ ည ၉း၃၁
ပရီမီယာလိဂ်မှာ ဆောက်သမ်တန်ရဲ့ အခြေအနေက အကောင်းကြီးမဟုတ်ပါဘူး။ အဆင့် (၁၅) ကို ရောက်နေပါတယ်။ ဟတ်ဒါးစ်ဖီးလ်ဟာ ပြီးခဲ့တဲ့ရာသီကမှာ တန်းဆင်းသွားရတဲ့အသင်းပါ။ ဒါပေမဲ့ ချန်ပီယံရှစ်မှာ အဆင့် (၂ဝ) အထိကို ရောက်နေပါတယ်။ ပြီးခဲ့တဲ့ရာသီ ပရီမီယာလိဂ်မှာ ဒီနှစ်သင်းတွေ့ဆုံမှုကို ပြန်ကြည့်တော့လည်း ဆောက်သမ်တန်ပဲ အသာရထားပါတယ်။ ဒါကြောင့် အခုပွဲမှာ ဆောက်သမ်တန်ကိုပဲ အားပေးချင်ပါတယ်။
လက်စတာ − ဝီဂန် တနင်္ဂနွေ၊ နံနက် ဝဝးဝ၁
ဒီနှစ်သင်းရဲ့ အဆင့်က အများကြီးကွာပါတယ်။ လက်စတာက ပရီမီယာလိဂ်မှာ ထိပ်တန်းစာရင်းဝင်နေတဲ့အသင်းပါ။ ဝီဂန်ကတော့ ချန်ပီယံရှစ်ပြိုင်ပွဲ အမှတ်ပေးဇယားအောက်ဆုံးက အသင်းဖြစ်ပါတယ်။ အခုကစားရမှာကလည်း လက်စတာကွင်း ဖြစ်နေတာကြောင့် ဝီဂန်အသင်းအတွက် ဂိုးပြတ်မရှုံးနိမ့်အောင်ပဲ အဓိကထား ကစားရမှာပါ။
ဝုဗ် − မန်ယူ တနင်္ဂနွေ၊ နံနက် ဝဝးဝ၁
ဝုဗ်တို့ ပရီမီယာလိဂ်ကို ၂ဝ၁၈−၁၉ဘောလုံးရာသီမှာ တစ်ကျော့ပြန် တန်းပြန်တက်လာပြီးနောက် မန်ယူအသင်းနဲ့ တွေ့ဆုံမှုတိုင်းမှာ အသာစီးရယူထားပါတယ်။ တန်းပြန်တက်လာပြီးနောက် စုစုပေါင်းပြိုင်ပွဲစုံလေးကြိမ်ဆုံတွေ့ထားရာမှာ ဝုဗ်က နှစ်ပွဲနိုင်၊ နှစ်ပွဲသရေနဲ့ အသာရယူထားတာပါ။ ဒါကြောင့်အခုတွေ့ဆုံမှုမှာ မန်ယူတို့ ပြန်ပြီး လက်စားချေနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါ တယ်။ ဝုဗ်ကလည်း ခြေမှန်နေတဲ့အသင်း ဖြစ်တာကြောင့် အိမ်ရှင်ကိုပဲ အားပေးချင်တယ်။
မန်စီးတီး − ပို့ဗယ်လီ တနင်္ဂနွေ၊ နံနက် ဝဝးဝ၁
ဒီနှစ်သင်းလည်း အခြေအနေချင်း အများကြီး ကွာပါတယ်။ ပို့ဗယ်လီဟာ လိဂ်(၂) အဆင့်(၁ဝ) က အသင်းပါ။ ကစားရမှာကလည်း မန်းစီးတီးကွင်းဖြစ်နေပါတယ်။ မန်စီးတီးတိုက်စစ်မှူးတွေရဲ့ ဂိုးသွင်းစွမ်းရည်ကိုပဲ စောင့်ကြည့်ရမယ့်ပွဲပါ။
ချယ်လ်ဆီး − နော်တင်ဟမ်ဖောရက်စ် တနင်္ဂနွေ၊ ည ၈း၃၁
ယခင်က ဒီနှစ်သင်းတွေ့ဆုံမှုတွေမှာ အသာရမှုတွေက ကွာဟမှု သိပ်မရှိခဲ့ပါဘူး။နော်တင်ဟမ်အသင်းဟာ ၁၉၉၉ ခုနှစ်အထိပရီမီယာလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့အသင်းပါ။ နောက်ပိုင်းအခြားပြိုင်ပွဲ တွေ့ဆုံမှုတွေမှာ ချယ်လ်ဆီးအသင်းကပဲ ဂိုးပြတ်တွေနဲ့ အနိုင်ရခဲ့တာကို တွေ့ရပါတယ်။ အခုလည်း ချယ်လ်ဆီးပဲ အနိုင်ရသွားဦးမှာပါ။
မစ်ဒယ်ဘရော့ − စပါး တနင်္ဂနွေ၊ ည ၈း၃၁
မစ်ဒယ်ဘရော့အသင်း ၂ဝ၁၇ ခုနှစ်မှာပရီမီယာလိဂ်က တန်းဆင်းသွားရပြီး နောက်ပိုင်းစပါးအသင်းနဲ့ ပြန်လည်တွေ့ဆုံရတာဟာ အခုအကြိမ်က ပထမဆုံးပါပဲ။ အရင်က ဒီနှစ်သင်းဟာ ပရီမီယာလိဂ်မှာ အလယ်အလတ်အဆင့်ရှိခဲ့တဲ့ အသင်းတွေပါ။ အခုတော့ အများကြီး ကွာဟသွားပါပြီ။ ဒါပေမဲ့အခုမစ်ဒယ်ဘရော့ကွင်းမှာတော့ စပါးတို့ ကစားရခက်ခဲနိုင်ပါတယ်။ စပါးနိုင်ရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။
ပဲလေ့စ် - ဒါဘီ တနင်္ဂနွေ၊ ည ၈း၃၁
ပဲလေ့စ်အသင်းက ပရီမီယာလိဂ် အလယ်အလတ်အသင်းတွေထဲမှာ ခြေစွမ်းပုံမှန်ရှိတဲ့အသင်းဖြစ်ပါတယ်။ ဒါဘီကတော့ ချန်ပီယံရှစ်ပြိုင်ပွဲမှာတောင် ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့အသင်းပါ။ ဒါကြောင့် အခုပွဲစဉ်မှာလည်း အိမ်ရှင် ပဲလေ့စ်အသင်းကိုပဲ ရွေးချယ်ရမှာပါ။
လီဗာပူး − အဲဗာတန် တနင်္ဂနွေ၊ ည ၁ဝး၃၁
ဒီပွဲကလည်း ပရီမီယာလိဂ်က အသင်းအချင်းချင်း တွေ့ဆုံတဲ့ပွဲဖြစ်ပြီး ဒါဘီပွဲစဉ်လည်း ဖြစ်ပါတယ်။ ယခုနှစ်ရာသီ ပရီမီယာလိဂ်ပြိုင်ပွဲ ပထမအကျော့တွေ့ဆုံစဉ်တုန်းက လီဗာပူးက အိမ်ကွင်းမှာပဲ ၅−၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ အရင်က အဲဗာတန်ဟာ လီဗာပူးနဲ့ ဒါဘီပွဲဆိုရင် ခံကစားနိုင်ပေမဲ့ အခုနှစ် လီဗာပူး ရဲ့ ရစ်သမ်ကို ထိန်းမရခဲ့ပါဘူး။ အခုလည်း လီဗာပူးကွင်းမှာ အိမ်ရှင်ကိုခံကစားရင်း ကပ်ပြီးအရှုံးပေးသွားရနိုင်ပါတယ်။
အာဆင်နယ် − လိဒ် အင်္ဂါ၊ နံနက် ၂း၂၆
အာဆင်နယ်က ပရီမီယာလိဂ်မှာ အဆင့် (၁၂) ကိုတောင် ရောက်နေတဲ့အသင်းပါ။ လက်ရှိအချိန်မှာ ခြေစွမ်းတော်တော်လေးကို ယိမ်းယိုင်နေပါတယ်။ လိဒ်က ချန်ပီယံရှစ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အသင်းပါ။ ဒါကြောင့် လိဒ်ရဲ့ခြေစွမ်းကို လျှော့တွက်လို့မရပါဘူး။ အာဆင်နယ်အိမ်ကွင်းဆိုပေမဲ့ လိဒ်ယူနိုက်တက်ကိုပဲ အကြိုက်တွေ့မိတယ်။















