ဘရက်စီယာ − လာဇီယို တနင်္ဂနွေ၊ ညနေ ၆းဝဝ
ဘရက်စီယာရဲ့ခြေစွမ်းက ကိုယ်နဲ့တန်းတူနဲ့ အားနည်းတဲ့အသင်းတွေပေါ်မှာသာ အသာယူနိုင်တာပါ။ နည်းနည်းလေးသာတဲ့အသင်းနဲ့တွေ့ရင် ဘရက်စီယာတို့ ခံမကန်နိုင်ပါဘူး။ အခုတွေ့ရမယ့် လာဇီယိုဟာ အမှတ်ပေးဇယားထိပ်ပိုင်းက အသင်းဖြစ်တာကြောင့် ဘရက်စီယာတို့ အိမ်ကွင်းဖြစ်ပေမဲ့ ရလဒ်မကောင်းနိုင်ပါဘူး။
SPAL − ဗီရိုနာ တနင်္ဂနွေ၊ ည ၈း၃ဝ
SPAL ရဲ့ခြေစွမ်းက ခန့်မှန်းရခက်ပါတယ်။တစ်ခါတစ်ခါ မထင်မှတ်တာတွေ လုပ်ပြတတ်ပါတယ်။ ဗီရိုနာ ခြေစွမ်းအကျဘက်ရောက်နေတဲ့အသင်းပါ။ ဒါကြောင့် SPAL တို့ အိမ်ကွင်းမှာ မထင်မှတ်တာတွေ လုပ်ပြနိုင်ပါတယ်။
ဂျီနိုအာ − ဆက်စူလို တနင်္ဂနွေ၊ ည ၁၁း၃ဝ
ဒီနှစ်ရာသီမှာ အသင်းလိုက်စုစည်းမှုပါပျက်နေတဲ့ ဂျီနိုအာတို့ အခုဆိုရင် အမှတ်ပေးဇယားရဲ့ အောက်ဆုံးကို ရောက်နေပါပြီ။ ဆက်စူလိုက အသင်းကြီးတွေကိုတောင် ခံကစားနိုင်တဲ့အသင်းပါ။ ဒါပေမဲ့ အမှတ်လိုနေတဲ့ ဂျီနိုအာတို့ အိမ်ကွင်းမှာ ပေါက်ကွဲပြနိုင်ပါတယ်။
ရိုးမား − တိုရီနို တနင်္လာ၊ နံနက် ၂း၁၅
ရိုးမားတို့ စီးရီးအေပြိုင်ပွဲဘက်ကို ပြန်ပြီးအားစိုက်ကစားနေပါတယ်။ ဒါပေမဲ့ နောက်တန်းက ဂိုးတွေပေးနေရတုန်းပါပဲ။ တိုရီနိုတို့ နှစ်ပွဲဆက် နိုင်ပွဲပျောက်ပြီး ခြေကျနေပါတယ်။ ရိုးမားကိုပဲ ယုံကြည်သင့်ပါတယ်။
ဘိုလော့နာ − ဖီအိုရင်တီးနား တနင်္လာ၊ ညနေ ၆းဝဝ
အတ္တလန္တာကိုတောင် အိမ်ကွင်းမှာ အနိုင်ယူနိုင်ခဲ့တဲ့ ဘိုလော့နာရဲ့ခြေစွမ်းက လျှော့တွက်လို့မရပါဘူး။ အခုဆိုရင် ဇယားအောက်ပိုင်းနားကနေ အဆင့် (၉) နေရာကို ရောက်လာပါပြီ။ ဖီအိုရင်တီးနားကတော့ တောက်လျှောက်စိုက်ဆင်းနေတဲ့အသင်းပါ။ ဘိုလော့နာပါပဲ။
အတ္တလန္တာ − ပါးမား တနင်္လာ၊ ည ၈း၃ဝ
ဒီနှစ်သင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေပွဲစဉ်ငါးပွဲမှာ အတ္တလန္တာက သုံးပွဲနိုင်၊နှစ်ပွဲရှုံးခဲ့ပြီး ပါးမားက နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊တစ်ပွဲရှုံးထားပါတယ်။ အတ္တလန္တာအသင်းဟာ လိုအပ်ရင်လိုအပ်သလို ကစားနိုင်တဲ့အသင်းပါ။ အခုအိမ်ကွင်းပွဲစဉ်မှာ အတ္တလန္တာတို့ အမှတ်ပြည့် ရယူသွားမှာပါ။
ဂျူဗင်တပ် − ကက်ဂလီယာရီ တနင်္လာ၊ ည ၈း၃ဝ
ယခင်တွေ့ဆုံးမှုတွေမှာ ဂျူဗင်တပ်က အပြတ်အသတ် အသာရထားပါတယ်။ လက်ရှိအချိန်မှာလည်း ဂျူဗင်တပ်က အကောင်းဆုံးအနေအထားမှာ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ကက်ဂလီယာရီ ခြေတက်နေတာကိုတော့ သတိထားရမှာပါ။ ဂျူဗင်တပ် နိုင်ရင်တောင် ဂိုးမပြတ်နိုင်ပါဘူး။
အေစီမီလန် − ဆမ်ဒိုးရီးယား တနင်္လာ၊ ည ၈း၃ဝ
အတ္တလန္တာကို ငါးဂိုးပြတ် ရှုံးနိမ့်ခဲ့တာ အေစီအတွက် ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းစေပါတယ်။ ဒါကြောင့် အခုပွဲမှာ အိမ်ကွင်း အားကိုးနဲ့ သိက္ခာပြန်ဆယ်နိုင်ပါတယ်။ ဆမ်ဒိုးရီးယားကလည်း ရှုံးပွဲတွေသာများနေတဲ့အသင်း ဖြစ်တာကြောင့် အေစီကိုပဲ ရွေးသင့်ပါတယ်။
လက်ချီ − ယူဒီးနိစ် တနင်္လာ၊ ည ၁၁း၃ဝ
နှစ်သင်းစလုံးက တန်းဆင်းဇုန်ထဲ ရောက်မသွားအောင် ရုန်းကန်နေရတဲ့ အသင်းတွေပါ။ ယူဒီးနိစ်ကတော့ အခြေအနေ နည်းနည်း ကောင်းပါတယ်။ လက်ချီတို့ အိမ်ကွင်းမှာ ကစားရမှာဖြစ်တာကြောင့် အခွင့်အရေးတော့ရှိနေပါတယ်။ လက်ချီပါပဲ။
နာပိုလီ − အင်တာမီလန် အင်္ဂါ၊ နံနက် ၂း၁၅
အသင်းကြီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲပါ။ လက်ရှိအချိန်မှာ နာပိုလီက အမှတ်ပေးဇယားအပေါ်ပိုင်းကို ပြန်ရောက်ဖို့ ကြိုးစားနေတဲ့အသင်းဖြစ်ပါတယ်။ အင်တာကလည်းအတည်ငြိမ်ဆုံးခြေစွမ်း ပိုင်ဆိုင်ထားပါတယ်။ပွဲကောင်းတစ်ပွဲ ဖြစ်လာနိုင်ပြီး သရေရလဒ်လောက်သာ ထွက်ပေါ်လာနိုင်ပါတယ်။














