အသင်းမှထွက်ခွာချင်နေသည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ၏နေရာ၌ မန်ယူအစားထိုးဖွယ်ရှိသည့် ကစားသမား ငါးဦးကို ဗြိတိန်သတင်းစာ သည်ဆန်းက ဖော်ပြခဲ့ကြောင်း သိရသည်။
၂၆ နှစ်အရွယ် ပေါ့ဘာသည် ယခုရာသီတွင် ဒဏ်ရာ ပြဿနာများဖြင့်ရင်ဆိုင်ခဲ့ရပြီး လက်ရှိ၌ ခြေချင်းဝတ်ဒဏ်ရာ ခွဲစိတ်ကုသမှုခံယူ ရမည်ဖြစ်၍ တစ်ပတ်ခန့်ထပ်နားရဦးမည် ဖြစ်သည်။ အသင်းဟောင်း ဂျူဗင်တပ်စ်နှင့် ရီးရဲလ်မက်ဒရစ်တို့သည် ပေါ့ဘာကို ခေါ်ယူရန် အထူးစိတ်ဝင်စားနေသည်။
မန်ယူလျာထားသည့် ကစားသမား ငါးဦးမှာ အီရစ်ဆန်၊ ဂက်ဒ်ဆန်ဖာနန် ဒက်စ်၊ ဆိုမာရီ၊ မက်ဒီဆန်နှင့် ဘယ်လင် ဟန်တို့ဖြစ်သည်။ ဘင်ဖီကာကစားသမား ဖာနန်ဒက်စ်၏ ခန့်မှန်းခြေ ပြောင်းရွှေ့ ကြေးမှာ ပေါင် ၃၄ သန်းဖြစ်ကြောင်း သိရသည်။ စပါးအသင်း၌ နေရာမရသည့် ဒိန်းမတ်ကွင်းလယ်လူ အီရစ်ဆန်မှာ နွေ ရာသီ၌အသင်းပြောင်းရန်ရှိနေပြီး မန်ယူနှင့် သတင်းထွက်နေသည်။ အီရစ်ဆန်၏ ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀ ဖြစ်သည်။
လိုင်လီနှင့်ခြေစွမ်းပြနေသော အသက် ၂၀ အရွယ် ဆိုမာရီ၏ပြောင်းရွှေ့ကြေး မှာ ပေါင်သန်း ၅၀ ခန့်ရှိနေသည်။ မန်ယူ သည် ကွင်းလယ်နေရာအတွက် လက်စတာ မှ အင်္ဂလန်ကစားသမား မက်ဒီဆန်နှင့် ဘာမင်ဂမ်မှ ၁၆ နှစ်အရွယ် ဘယ်လင် ဟန်တို့ကို စောင့်ကြည့်နေသည်။















