အာဆင်နယ်နောက်ခံလူတစ်ဦးဖြစ် သည့် ချန်ဘာသည် ချယ်လ်ဆီးနှင့်ကစား ခဲ့သည့် လန်ဒန်ဒါဘီပွဲတွင် ဘယ်ဘက် ဒူးဒဏ်ရာပြင်းထန်စွာရရှိခဲ့သောကြောင့် ကိုးလခန့် ကာလရှည်နားရမည်ဖြစ်ရာ အသင်းအတွက် ဗျာများစရာဖြစ်လာခဲ့ သည်။
အာဆင်နယ်ခံစစ်သည် ယခုနှစ် ရာသီတွင် စွမ်းဆောင်ရည်နိမ့်ကျနေပြီး ပရီးမီးယားလိဂ်၌ ပေးဂိုးများနေသည်။ ချန်ဘာ ဒဏ်ရာရခဲ့သောကြောင့် အာဆင် နယ်သည် ဇန်နဝါရီအပြောင်းအရွှေ့ဈေး ကွက်အတွင်း ခံစစ်ကစားသမားခေါ်ယူ ရတော့မည် ဖြစ်သည်။ အာဆင်နယ် ခံစစ်ကစားသမားနှစ်ဦးဖြစ်သည့် တီရာ နေးနှင့် ဘယ်လာရင်တို့မှာလည်း ဒဏ်ရာ ကြောင့် အနားယူနေရသည်။
ချန်ဘာသည် ဘယ်ဘက်ဒူးဒဏ်ရာ ကို ကြာသပတေးနေ့က ခွဲစိတ်ကုသခဲ့ရာ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီးနောက် ခြောက်လမှ ကိုးလခန့် နားရမည်ဖြစ်သည်။
ချန်ဘာ သည် ယခုနှစ်ရာသီတွင် ပရီးမီးယားလိဂ် ၁၄ ပွဲကစားခဲ့ရာ တစ်ဂိုးသွင်းယူခဲ့ပြီး ပြိုင်ပွဲစုံ ၁၈ ပွဲကစားထားသည်။ အာဆင် နယ်သည် လိုက်ပ်ဇစ်ဗဟိုနောက်ခံလူ အူပါမီကာနိုကိုခေါ်ယူရန် စိတ်ဝင်စား နေဟု သိရသည်။















