တိုင်းပြည်ကို အနီလက်ထဲသို့ ဆက်ထည့်ပါက လဲပြိုကျမည်ဆိုလျှင် အစိမ်းလက်အတွင်းသို့ ပြောင်းပေး သင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဇန်နဝါရီ ၃ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး ဒေါပုံမြို့နယ်ရှိ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့်တွေ့ဆုံစဉ် ပြောသည်။
''ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ တကယ်ဖြတ်သန်းခဲ့တဲ့ကာလတွေကို အစွဲရှင်းရှင်းနဲ့ ပြန်ကြည့်လိုက်။ ဦး သိန်းစိန်လို့လည်းမမြင်နဲ့၊ ဒေါ်အောင် ဆန်းစုကြည်လို့လည်းမမြင်နဲ့၊ ဦးသန်း ဌေးလို့လည်း မမြင်နဲ့။ ဘယ်ကာလမှာ ဘာတွေအောင်မြင်ခဲ့သလဲ၊ အဲ့ဒီလူ တွေရှိသေးလား၊ မရှိတော့ဘူးလား အခုပြန်ကြည့်။ အဲဒါ အနီနဲ့အစိမ်းပဲ။ ဒီကနေ့ အနီလက်ထဲ တိုင်းပြည်ကို ဆက်ထည့်လို့ ဝုန်းခနဲပြိုကျမယ်ထင် ရင် အစိမ်းလက်ထဲပြန်ပေးလိုက်ပါ''ဟု ၎င်းက ပြောသည်။
၎င်းအနေဖြင့် အတိုက်အခံ ပါတီ ခေါင်းဆောင်ဖြစ်သည့်အတွက် ယခု လိုပြောခြင်းမဟုတ်ကြောင်း၊ ပတ်ဝန်း ကျင်၌ တွေ့မြင်နေရသည့် မြန်မာ တို့၏ စံတန်ဖိုးများ၊ ယုံကြည်ကိုး ကွယ်သည့် ဘာသာအနေအထားများ၊ စီးပွားရေးလုပ်ငန်းအခြေအနေများ၊ ရပ်ရွာအေးချမ်းသာယာမှု၊ လုံခြုံမှုအနေ အထားများ၊ နယ်စပ်ဒေသများနှင့် ပြည်နယ်များတွင်ဖြစ်နေသည့် လက် နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ခိုက် မှု၊ သွေးထွက်သံယိုမှု၊ နောက်ဆက်တွဲ ဖြစ်သည့် တိုင်းပြည်ဆုံးရှုံးမှု၊ အပျက် အစီးများအတွက် ဒီမိုကရေစီကာလ တွင် တက်လာသည့်အစိုးရနှစ်ရပ်ကို နှိုင်းယှဉ်ကြည့်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
''ဒီကနေ့ နိုင်ငံတော်ကို ပိုပြီး တော့အဆင့်မြင့်တဲ့၊ တည်ငြိမ်တဲ့ စီးပွားရေးကောင်းတဲ့ လူတွေပိုပြီးတော့ လွတ်လပ်ပျော်ရွှင်မှုရစေမယ့်ကာလ တစ်ခုကိုရောက်ဖို့ အမျိုးသားရေး အခြေခံရှိမှရမယ်။ ဒါကြောင့် ပါတီ အရောင်အသွေး၊ တံဆိပ်တွေ၊ ပါတီ နာမည်တွေမေ့ထားလိုက်။ ဒီမိုကရေစီ အစိုးရလို့ပြောတဲ့ ကာလနှစ်ခု လက် တွေ့ရလဒ်က ဘာတွေဖြစ်ခဲ့သလဲ၊ စီးပွားရေးဘယ်တုန်းက ပိုကောင်းသလဲ၊ လူတွေရဲ့ လွတ်လပ်ပျော်ရွှင်မှု ဘယ် တုန်းက ပိုကောင်းသလဲ၊ လူတွေရဲ့ နေ့စဉ်ဘဝလုံခြုံအေးချမ်းမှု ဘယ်တုန်း ကပိုကောင်းသလဲ။ ဒါတွေကို ရိုးရိုး ရှင်းရှင်းပြန်စဉ်းစားပါ'' ဟု ၎င်းက ပြောသည်။
တစ်ချိန်က လုပ်ပိုင်ခွင့်မရှိ ခဲ့သဖြင့် အားမရခဲ့သော်လည်း နောက်လိုက် ပီသစွာလုပ်ခဲ့ရပြီး တာဝန်ယူဆောင်ရွက်ရမည့်အချိန်၌ ထိုသို့မဖြစ်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် အနီလည်းမကြိုက်၊ အစိမ်း လည်း မကြိုက်ပါက တိုင်းပြည် ဖရို ဖရဲဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် အနီ လက်ထဲသို့ ဆက်ထည့်ပါက လဲပြိုကျ မည်ဆိုလျှင် အစိမ်းလက်အတွင်းသို့ ပြောင်းပေးသင့်ကြောင်း ဦးသန်းဌေးက ပြောသည်။
















