ပေါ့ဘာအား ခေါ်ယူရန်ပေါင် ၈၅ သန်းအပြင် ရာဘီယော့ကိုပါ အလိုက်ပေးရန် ဂျူဗင်တပ်စ် စီစဉ်

ပေါ့ဘာအား ခေါ်ယူရန်ပေါင် ၈၅ သန်းအပြင် ရာဘီယော့ကိုပါ အလိုက်ပေးရန် ဂျူဗင်တပ်စ် စီစဉ်

ဂျူဗင်တပ်စ်အသင်း တာဝန်ရှိသူများသည် ဇန်နဝါရီဈေးကွက် ၌ ကစားသမားဟောင်း ပေါ့ဘာအား ပြန်လည်ခေါ်ယူရန် ရာဘီ ယော့ကိုပါ အလိုက်ပေး၍ ကမ်းလှမ်းရန် စီစဉ်နေကြောင်း ဗြိတိန် သတင်းများက ဖော်ပြခဲ့သည်။

ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ၏ မန်ယူအနာဂတ်မှာ သေချာ မှုမရှိဘဲ များမကြာမီတွင် အပြောင်းအရွှေ့ဖြစ်လာရန် နီးစပ်နေသည်။ ဂျူဗင်တပ်စ်သည် ပေါ့ဘာအား ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်း အသုံးပြု၍ ကမ်းလှမ်းမည်ဖြစ်ပြီး အသင်း၌ အထိုင်မကျဖြစ်နေ သော ရာဘီယော့ကို အလိုက်ပေးရန် ပြင်ဆင်နေသည်။

ပေါ့ဘာသည် မန်ယူအသင်း၌ ပုံမှန်ပွဲထွက်ခွင့် မရခဲ့သောကြောင့် ၂ဝ၁၂ ခုနှစ်က ဂျူဗင် တပ်စ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ၎င်းသည် ဂျူဗင်တပ်စ်၌ လေးရာသီကြာကစား ခဲ့ပြီး အောင်မြင်မှုများ ပိုင်ဆိုင်ခဲ့ သည်။ ပေါ့ဘာသည် ဂျူဗင်တပ်စ် မှ မန်ယူသို့ ပြန်ရောက်လာခဲ့ ပြီးနောက် မန်ယူကစားသမား ဘဝမှာ အတက်အကျ များ ခဲ့သည်။

ပေါ့ဘာသည် ယခုနှစ် ဘောလုံးရာသီ မစတင်မီ နွေရာသီအပြောင်းအရွှေ့ က စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန် အချိန်ရောက် ပြီဟု ပြောကြားခဲ့သည်။ပေါ့ဘာကို ဂျူဗင်တပ်စ် အပြင် ရီးရဲလ်မက်ဒရစ်ကလည်းခေါ်ယူရန် စောင့်ကြည့်နေသည်။

ပေါ့ဘာသည် ယခုနှစ်ရာသီတွင် ခြေချင်းဝတ်ဒဏ်ရာ ကြောင့် ရုန်းကန်နေရပြီး အသင်းအတွက် ရှစ်ပွဲသာ ကစား ထားသူဖြစ်သည်။ ပေါ့ဘာသည် ဒဏ်ရာကြောင့် ရက်သတ္တ ပတ် အနည်းငယ် အနားယူရဦးမည်ဖြစ်သည်။

ပေါ့ဘာသည် မန်ယူကစားသမားဘဝ၌ ပြိုင်ပွဲပေါင်းစုံ ၁၄၃ ပွဲကစားခဲ့ရာ ၃၁ ဂိုးအထိ သွင်းယူထားသူလည်း ဖြစ်သည်။
 



ဖတ်ရှုမှုအများဆုံး