ဇန်နဝါရီတွင် အီရစ်ဆန် ထွက်ခွာနိုင်ဟု စပါးနည်းပြ မော်ရင်ဟို ဆို

ဇန်နဝါရီတွင် အီရစ်ဆန် ထွက်ခွာနိုင်ဟု စပါးနည်းပြ မော်ရင်ဟို ဆို

စပါးအသင်းနည်းပြ မော်ရင်ဟိုက ၂၇ နှစ်အရွယ် ဒိန်းမတ်ကွင်းလယ်လူ အီရစ်ဆန်မှာ ဇန်နဝါရီ အပြောင်း အရွှေ့ဈေးကွက်အတွင်း အသင်းမှထွက်ခွာရန် အခြေအနေ ရှိနေကြောင်း ဝန်ခံပြောဆိုခဲ့သည်။
 

အီရစ်ဆန်သည် စပါး အသင်းတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်၏ အကောင်းဆုံး ကွင်းလယ်ကစားသမား များထဲတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။

အီရစ်ဆန်သည် စပါးအသင်းနှင့် ချုပ်ဆိုထားသည့်စာချုပ်အရ ယခုနှစ် ဘောလုံးရာသီကုန်အတွင် ကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းတိုး ရေးမှာ အဆင်မပြေ ဖြစ်နေသည်။

စပါးအသင်း တာဝန် ရှိသူများသည် စာချုပ်သက်တမ်းကုန်ဆုံးသည့်အခါ အီရစ် ဆန်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရသည် ထက် ဇန်နဝါရီ၌ရောင်းချကာ ငွေကြေးအကျိုးအမြတ် လိုလားနေသည်။

လက်ရှိအချိန်တွင် မန်ယူနှင့် ရီးရဲလ်မက် ဒရစ်တို့က အီရစ်ဆန်အားခေါ်ယူရန် အနီးကပ်စောင့်ကြည့် နေပြီး စီးရီးအေကလပ် အင်တာမီလန်ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေသည်။

မစ်ဒယ်ဘရော့နှင့်ကစားရမည့် အက်ဖ်အေဖလား တတိယဆင့် ပွဲမတိုင်မီ သတင်းထောက်များက အီရစ်ဆန်၏ အနာဂတ်နှင့်ပတ်သက်၍ နည်းပြမော်ရင်ဟိုအား မေးမြန်း ခဲ့ကြသည်။

နည်းပြမော်ရင်ဟိုက ''ပွင့်ပွင့်လင်းလင်းပြောရ ရင် အီရစ်ဆန်ရဲ့ အနာဂတ်ကို ကျွန်တော် ဘာမှမသိပါဘူး။ လက်ရှိအခြေအနေကို ခင်ဗျားတို့လည်း သိပါလိမ့်မယ်။ အီရစ်ဆန်ဟာ ရာသီကုန်ရင် အခြားအသင်းပြောင်းဖို့ သဘောတူထားလို့ ရနေပါတယ်။ ဇန်နဝါရီမှာလည်း အပြောင်းအရွှေ့ ဖြစ်သွားနိုင်တယ်။ အသင်းဘက်ကတော့ လက်ရှိအခြေအနေကို ထိန်းနေပါတယ်။ သူဟာ ကျွန် တော်တို့ ကစားသမားဖြစ်နေတုန်းပါ။ မစ်ဒယ်ဘရော့ပွဲမှာ ဟယ်ရီကိန်းနဲ့ အန်ဒွန်ဘယ်လီတို့ ကစားနိုင်မှာမဟုတ်ဘူး။ အီရစ်ဆန်ကတော့ ကစားနိုင်မှာပါ''ဟု ပြောကြားခဲ့သည်။

စပါးသည် ယနေ့ညတွင် မစ်ဒယ်ဘရော့ကွင်း၌ အက်ဖ် အေဖလား တတိယဆင့် ကစားပြီးနောက် ဇန်နဝါရီ ၁၁ ရက်တွင် လီဗာပူးနှင့် ကစားရမည်ဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး