ဘာစီလိုနာနည်းပြ ဗယ်လ်ဘာဒီက အသင်းမှခေါ်ယူရန် ပစ်မှတ်ထားနေသည့် စပိန်တောင်ပံကစားသမား အော်လ်မိုကို ချီးကျူးပြောကြားခဲ့သည်။
ဘာစီလိုနာ အသင်းတာဝန်ရှိသူများသည် ခရိုအေးရှား ကလပ် ဒိုင်နမိုဇာဂရက်တွင် ကစားနေသော အော်လ်မိုကိုခေါ်ယူရန် အထူးစိတ်ဝင်စား နေပြီး စပိန်ကစားသမား၏ခြေစွမ်းကိုလည်း မကြာခဏ သွားရောက်လေ့လာခဲ့သည်။
အော်လ်မိုသည် ဘာစီလိုနာ လူငယ်အသင်း တွင် ကစားသမားဘဝ စတင်ခဲ့သူဖြစ်ပြီး ၁၆ နှစ်အရွယ်၌ လာမာစီယာ အကယ် ဒမီမှထွက်ခွာ၍ ဒိုင်နမိုဇာဂရက်တို့ အံ့ အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။
စပိန်သတင်းများ၏ ဖော်ပြချက်အရ ဘာစီလိုနာသည် ယခုနှစ် ဘောလုံးရာသီ ကုန်တွင် ၂၁ နှစ်အရွယ် အော်လ်မိုကို ပြောင်းရွှေ့ကြေး ယူရို သန်း ၃ဝ ကျော်ဖြင့် ခေါ်ယူမည်ဟု သိရသည်။
အော်လ်မိုကိုယ်တိုင်ကလည်း အခွင့် အရေးပေးခဲ့ပါက ဘာစီလိုနာသို့ ပြန်လာ ရန် စိတ်အားထက်သန်နေသည်။
ဘာစီ လိုနာနည်းပြ ဗယ်ဘာဒီက အော်လ်မိုမှာ ကစားသမားကောင်းတစ်ဦးဖြစ်ကြောင်း၊ အခြားအသင်းတွင် ပါဝင်ကစားနေ၍ ကောလာဟလများနှင့် ပတ်သက်ပြီးပြော ကြားလိုခြင်းမရှိကြောင်း ဖွင့်ဟခဲ့သည်။
ဘာစီလိုနာသည် အော်လ်မိုအား ခေါ်ယူ ရန် ကမ်းလှမ်းခဲ့ဖူးသော်လည်း ဒိုင်နမိုဇာ ဂရက်က ပယ်ချခံခဲ့ရသည်။















