ခြေစမ်းပွဲ၌ အေစီအတွက် အီဗရာဟီမိုဗစ် ဂိုးစသွင်း

ခြေစမ်းပွဲ၌ အေစီအတွက် အီဗရာဟီမိုဗစ် ဂိုးစသွင်း

အသင်းဟောင်း အေစီမီလန်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိ လာခဲ့သော ၃၈ နှစ်အရွယ် ဆွီဒင်ဝါရင့် တိုက်စစ်မှူးဟောင်း အီဗရာဟီမိုဗစ်သည် အေစီမီလန် ကစားသမားအဖြစ် မိတ်ဆက် ပွဲပြုလုပ်ခဲ့ပြီးနောက် များမကြာမီ ခြေစမ်း ပွဲတစ်ပွဲတွင် ဂိုးစသွင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

မိုဗစ်သည် အယ်လ်အေဂလက်စီနှင့် လမ်းခွဲပြီးနောက် ၎င်းအား ခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းများအနက် အေစီမီလန်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မိုဗစ်သည် အီတလီ ပဉ္စမတန်းကလပ် Rhodence နှင့် သရုပ်ပြခြေစမ်းပွဲ၌ ပါဝင်ကစားခဲ့ပြီး အသင်းအတွက် တတိယ မြောက်ဂိုးကို သွင်းယူပေးခဲ့သည်။
အေစီမီလန်သည် အဆိုပါခြေစမ်းပွဲ၌ ကိုးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မိုဗစ် သည် ၂ဝ၁ဝ–၁၁ ဘောလုံးရာသီက အေစီမီလန်အသင်းနှင့်အတူ စီးရီးအေ ချန်ပီယံဖြစ်ခဲ့ဖူးသည်။ မိုဗစ်သည် တနင်္လာ နေ့၌ကစားမည့် ဆမ်ဒိုးရီးယားနှင့် အိမ် ကွင်းပွဲတွင် စီးရီးအေ ပွဲထွက်ကစားဖွယ် ရှိနေသည်။ မိုဗစ်က အေစီမီလန်အသင်း အတွက် အကောင်းဆုံး ကစားပေးမည်ဟု အသိပေးထားသည်။

 



ဖတ်ရှုမှုအများဆုံး