ဒီဂျောင် အနီကတ်ပြ ထုတ်ပယ်ခံရမှု ဆိုးကျိုးဖြစ်ခဲ့ဟု ဗယ်ဘာဒီပြောကြား ဘာစီလိုနာကို ချေပဂိုးသွင်းခဲ့သူ ဝူလိုင်းအား တရုတ်မီဒီယာများချီးကျူး

ဒီဂျောင် အနီကတ်ပြ ထုတ်ပယ်ခံရမှု ဆိုးကျိုးဖြစ်ခဲ့ဟု ဗယ်ဘာဒီပြောကြား ဘာစီလိုနာကို ချေပဂိုးသွင်းခဲ့သူ ဝူလိုင်းအား တရုတ်မီဒီယာများချီးကျူး

ဘာစီလိုနာသည် ဇန်နဝါရီ ၄ ရက်က အက်စပန်ညိုကွင်းတွင် သွား ရောက်ယှဉ်ပြိုင်ခဲ့ရာ နယ်သာလန် ကွင်းလယ်လူ အနီကတ်ပြ ထုတ်ပယ် ခံရ၍ တစ်ယောက်လျော့ဖြင့် ကစား ခဲ့ရပြီး နှစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။

ဘာစီလိုနာ တိုက်စစ်တွင် မက်ဆီ၊ ဆွာရက်ဇ်နှင့် ဂရစ်ဇ်မန်းတို့ ပါဝင်လာခဲ့ပြီး အက်စပန်ညိုအသင်း ၌လည်း အဓိက ကစားသမားများ စုံလင်ခဲ့သည်။ ကာတာလန်ဒါဘီပွဲ ဖြစ်သည်နှင့်အညီ ပြိုင်ဆိုင်မှုပြင်းထန် ခဲ့ပြီး အက်စပန်ညိုက ၂၃ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့သည်။ ဘာစီလိုနာ အတွက် ချေပဂိုးကို ဆွာရက်ဇ်က မိနစ် ၅၀ တွင် သွင်းယူခဲ့သည်။

ဘာစီလိုနာသည် ၅၉ မိနစ်တွင် ဒုတိယဂိုး ရရှိခဲ့ရာ လူစားဝင်ဗီဒယ်က ခေါင်းတိုက် သွင်းယူခဲ့သည်။ ကွင်းလယ် လူ ဒီဂျောင်မှာ ပွဲချိန် ၇၅ မိနစ်တွင် ပြိုင်ဘက်ကစားသမား၏ အင်္ကျီကို ဆွဲခဲ့ရာ နှစ်ဝါတစ်နီဖြင့်ထုတ်ပယ်ခံ ခဲ့ရသည်။ အက်စပန်ညိုသည် ပွဲပြီး ခါနီး နှစ်မိနစ်အလို အဖိုးတန်ချေပဂိုး ရရှိခဲ့ပြီး တရုတ်တိုက်စစ်မှူး ဝူလိုင်းက အပိုင်ကန်သွင်းပေးခဲ့သည်။

ဘာစီလိုနာ နည်းပြ ဗယ်ဘာဒီက "ကျွန်တော်တို့ ပွဲတိုင်းကို တိုက်ပွဲဝင်ပြီး ကစားရတော့မယ်။ ဒီနေ့ပွဲမှာတော့ အစ မကောင်းခဲ့ပါဘူး။ ဂိုးတွေတော့ သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်း စွာနဲ့ပဲ ၁၀ ယောက်တည်းနဲ့ ကစား ခဲ့ရတယ်။ အက်စပန်ညိုက ပြန်ဖိအား ပေးခဲ့ပြီး ချေပဂိုးရသွားတယ်။ ဒီဂျောင် ထုတ်ပယ်ခံခဲ့ရတာက အသင်းအတွက် ဆိုးရွားစေခဲ့တယ်။ တတိယဂိုး မသွင်းနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ဘောလုံးမှာ ဒါမျိုး ကြုံရမှာပါ"ဟု ပြောခဲ့သည်။

လူစားဝင်၍ အဖိုးတန် ချေပဂိုး သွင်းပေးခဲ့သော တိုက်စစ်မှူး ဝူလိုင်း အား တရုတ်မီဒီယာများက ချီးကျူးခဲ့ သည်။ တရုတ်မီဒီယာများနှင့် ပရိသတ် များက ဝူလိုင်းမှာ အမှောင်ထဲမှ အလင်းစဟု တင်စားခဲ့သည်။ ပရိသတ် တစ်ဦးက "မှောင်မိုက်နေတဲ့ တရုတ် ဘောလုံးလောကရဲ့ အလင်းစတစ်ခု တွေ့လိုက်ရပါတယ်။ ဘာစီလိုနာနဲ့ ပွဲမှာ သမိုင်းဝင်ဂိုးကို ဝူလိုင်းသွင်းနိုင် ခဲ့ပါတယ်"ဟု ချီးကျူးခဲ့သည်။ ဝူလိုင်းသည် ဘာစီလိုနာကို ပထမဆုံး ဂိုးသွင်း နိုင်သော တရုတ်ကစားသမားအဖြစ် စံချိန် ပိုင်ဆိုင်ခဲ့သည်။ ၎င်းသည် ၂၀၁၉ ခုနှစ်က အက်စပန်ညိုသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုရာသီတွင် နှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်သည်။ ဝူလိုင်းသည် အက်စပန်ညိုအတွက် ငါးဂိုး သွင်းယူပေးထားသည်။



ဖတ်ရှုမှုအများဆုံး