ဖလာမင်ဂိုမှ ရီနီယာကို ယူရို ၃၅ သန်းဖြင့် ရီးရဲလ်မက်ဒရစ် ခေါ်ယူ

ဖလာမင်ဂိုမှ ရီနီယာကို ယူရို ၃၅ သန်းဖြင့် ရီးရဲလ်မက်ဒရစ် ခေါ်ယူ

စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်သည် ဇန်နဝါရီဈေးကွက်၌ ကစားသမား ခေါ်ယူမှုပြုလုပ်ခဲ့ပြီး ဘရာဇီးကလပ် ဖလာမင်ဂိုမှ လူငယ်ကွင်းလယ်လူ ရီနီယာကို ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း သိရ သည်။

ရီးရဲလ်မက်ဒရစ်သည် ၁၈ နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး ရီနီယာကို ခေါ်ယူရန် အက်သလက်တီကိုနှင့် ဘာစီလိုနာတို့ကို ကျော်ဖြတ်ခဲ့ရသည်။ ရီနီယာ၏ စာချုပ်အသေးစိတ်ကို မသိရသော်လည်း ရီးရဲလ်နှင့် ကာလရှည် စာချုပ် ချုပ်ဆိုမည်ဟု ယုံကြည်ရသည်။ ဇန်နဝါရီ ၁၉ ရက်၌ ၁၈ နှစ်ပြည့် မည့် ကွင်းလယ်လူ ရီနီယာသည် ၂၀၁၉ ဇူလိုင် ၃၁ ရက်က ဖလာမင်ဂိုနှင့် ပွဲဦးထွက်ခဲ့သူဖြစ်သည်။

ရီနီယာသည် ၂၀၁၉ နိုဝင်ဘာလ ဖလာမင်ဂိုနှင့် စာချုပ်သက်တမ်း တိုးမြှင့်ခဲ့သော်လည်း ယခုအခါ အသင်းဘက်မှ ရီးရဲလ်ထံသို့ ပြောင်းရွှေ့ ခွင့်ပေးခဲ့သည်။ ရီးရဲလ်ပေးချေမည့် ပြောင်းရွှေ့ကြေး၏ ၈၀ ရာခိုင်နှုန်းကို ဖလာမင်ဂိုအသင်းက ရရှိ မည်ဖြစ်ပြီး ၂၀ ရာခိုင်နှုန်း ကို ကစားသမားနှင့် အေး ဂျင့်တို့က ရရှိမည်ဖြစ်သည်။

ရီနီယာသည် ဘရာဇီးယူ–၂၃ ကစားသမားတစ်ဦးလည်း ဖြစ်ပြီး ၂၀၂၀ ဇူလိုင်တွင် ကျင်းပမည့် တိုကျိုအိုလံပစ် ပြိုင်ပွဲတွင် ပါဝင်ကစားမည် ဖြစ်သည်။ ရီးရဲလ်မက်ဒရစ် သို့ ရောက်ရှိလာသော ရီနီ ယာသည် ဗီနီဆီယက်ဂျူနီ ယာ၏ ခြေရာကို နင်းမည့် ကစားသမားဟု သတ်မှတ်ခံ ထားရသည်။



ဖတ်ရှုမှုအများဆုံး