ဘိုင်ယန်မြူးနစ် နောက်ခံလူ အလာဘာကို ချယ်လ်ဆီးခေါ်ယူရန် ပစ်မှတ်ထား

ဘိုင်ယန်မြူးနစ် နောက်ခံလူ အလာဘာကို ချယ်လ်ဆီးခေါ်ယူရန် ပစ်မှတ်ထား

ကစားသမား ပြန်လည် ခေါ်ယူခွင့် ရရှိခဲ့ပြီဖြစ်သော ချယ်လ်ဆီးအသင်း သည် ဘိုင်ယန်မြူးနစ် နောက်ခံလူ အလာဘာကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ ပေး၍ ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။

ချယ်လ်ဆီးနည်းပြ လမ်းပတ်သည် ဇန်နဝါရီ ဈေးကွက်အတွင်း ဘယ်နောက်ခံလူ အားဖြည့်ရန် စီစဉ်ထားသည်။ ချယ်လ် ဆီးခံစစ်ကစားသမားဖြစ်သည့် အီမာ ဆန်နှင့် အလွန်ဆိုတို့မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခြင်းမရှိပေ။

အလာဘာသည် ကစားအား ကောင်းသူဖြစ်ပြီး ဘယ်နောက်ခံနေရာ တွင် ကစားနိုင်သည့်အပြင် ဗဟိုခံစစ်၌လည်း ကစားနိုင်သူဖြစ်သည်။ အလာဘာသည် သြစတြီးယား လက်ရွေးစင် အသင်းအတွက် ၇၂ ပွဲ ကစားထားသူဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၃၆၀ ကျော် ကစားထားသူ ဖြစ်သည်။

အလာဘာသည် ၂၀ဝ၈ ခုနှစ်က ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့ ခဲ့သူဖြစ်ပြီး အဓိကဆုဖလားပေါင်း အကြိမ် ၂၀ ပိုင်ဆိုင်ထားသည်။ ၎င်း သည် ဘိုင်ယန်မြူးနစ်နှင့် ချုပ်ဆိုထား သော စာချုပ်အရ လာမည့် ၂၀၂၁ ခုနှစ်အထိ သက်တမ်းရှိနေသည်။ အလာဘာသည် ယမန်နှစ်က ၄၃ ပွဲ ကစားခဲ့ရာ သုံးဂိုးသွင်းယူခဲ့ပြီး ယခု နှစ် ၁၇ ပွဲကစားထားသည်။



ဖတ်ရှုမှုအများဆုံး