၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်းတွင် ပထမပိုင်း၌ မန်ယူသုံးဂိုးပေးရ

၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ကွင်းတွင် ပထမပိုင်း၌ မန်ယူသုံးဂိုးပေးရ

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ကာရာ ဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ တွင် ဒါဘီပြိုင်ဘက် မန်ယူကို သုံးဂိုးတစ်ဂိုး ဖြင့် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ပွဲမပြီးသေး ကြောင်း ပြောကြားခဲ့သည်။

မန်ယူနည်းပြ ဆိုးလ်ရှားသည် ပွဲထွက် လူစာရင်းတွင် ရက်ဖို့ဒ်၊ လင်ဂတ်၊  ဂရင်းဝုဒ်၊ ဒန်နီရယ်ဂျိမ်းစ်၊ ဖရက်ဒ်နှင့် ပါရီယာတို့ကို အသုံးပြုခဲ့ပြီး ရက်ဖို့ဒ်မှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သည်။ မန်စီးတီးတိုက်စစ် တွင် စတာလင်း၊ မာရက်ဇ်နှင့် ဘာနာဒိုဆေးလ် ဗားတို့ ဦးဆောင်ခဲ့သည်။ မန်ယူအသင်း၏ ပထမပိုင်းကစားပုံမှာ ဆိုးရွားခဲ့ပြီး မန်စီးတီးမှာ လက်ဆောင်ဂိုး တစ်ဂိုးအပါအဝင် သုံးဂိုးသွင်း နိုင်ခဲ့သည်။

 မန်စီးတီးအတွက် အဖွင့်ဂိုးကို ဘာနာ ဒိုဆေးလ်ဗားက ပွဲချိန် ၁၇ မိနစ်တွင် ဝေါလ် ကာ၏ ဘောလုံးပေးပို့မှုကို ရယူကာပင်နယ်တီ ဧရိယာထိပ်မှ ဂိုးညာဘက်ထောင့်သို့ လှလှပပ သွင်းယူခဲ့သည်။ မန်စီးတီးသည် ပွဲချိန် ၃၃ မိနစ်တွင် ဒုတိယဂိုးရခဲ့ရာ မာရက်ဇ်က ဘာနာ ဒိုဆေးလ်ဗား၏ ဖန်တီးမှုမှတစ်ဆင့် သွင်းယူ ခဲ့သည်။ မန်စီးတီးကသာ ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၃၈ မိနစ်၌ ပါရီယာ ကိုယ့်ဂိုးကိုယ်သွင်း ယူခဲ့၍ပထမပိုင်းတွင် သုံးဂိုးပြတ်အနိုင်ရခဲ့ သည်။ မန်ယူသည် ဒုတိယပိုင်း၌ ချေပဂိုးတစ်ဂိုး သာရခဲ့ပြီး ရက်ဖို့ဒ်က မိနစ်တွင် သွင်းယူပေး ခဲ့သည်။

ဂိုးပြတ်နိုင်ခဲ့သော်လည်း မန်ယူဖြစ်နေ၍ ပွဲမပြီးသေးဟုသာ မန်စီးတီးနည်းပြ ဂွာဒီယို လာက မှတ်ယူထားသည်။ ဂွာဒီယိုလာက "အသင်းအတွက် သိပ်ကောင်းတဲ့ ရလဒ်ဖြစ် ပါတယ်။ ဒါပေမဲ့ ပွဲမပြီးသေးပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ပြိုင်ဘက်က အခြားအသင်း မဟုတ်ဘဲ မန်ယူဖြစ်နေလို့ပါ။ သူတို့ ဘယ်နှ ကြိမ်လောက် ရလဒ်ဆိုးကနေ ပြန်လာနိုင်တာ ကို ကျွန်တော်တို့ တွေ့မြင်ပြီးသားပါ။ မနှစ် တုန်းကဆိုရင် ပီအက်စ်ဂျီပွဲက သာဓကပါပဲ။ မန်ယူက ဂိုးတွေပြန်သွင်းနိုင်တယ်။ အသင်း ပရိသတ်တွေနဲ့အတူ မျှော်လင့်ထားတာက ကျွန်တော်တို့ ဒုတိယအကျော့မှာ အကောင်း ဆုံးကစားနိုင်ရမယ် ဆိုတာပါ။ ဖိုင်နယ်ကို လည်း နောက်တစ်ကြိမ် ရောက်အောင်သွားမယ်"ဟု ပြောကြားခဲ့သည်။

မန်ယူသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ပရီးမီးယားလိဂ်ပွဲအဖြစ် မန်စီးတီး ကွင်းတွင် နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သော် လည်း ယခုတစ်ကြိမ် သုံးဂိုးတစ်ဂိုးဖြင့် အရှုံး ပေးခဲ့ရသည်။ မန်ယူသည် ၁၉၉၇ ခုနှစ်က မစ်ဒယ်ဘရော့နှင့် ကစားခဲ့သည့်ပွဲပြီးနောက် ၂၂ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အိုးထရက်ဖို့ဒ်၌ ပွဲချိန် ပထမပိုင်းတွင် သုံးဂိုး ပေးခဲ့ရသည်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား က အသင်း၏ ပထမပိုင်းကစားပုံမှာ အလွန်ဆိုး ရွားကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဆိုးလ်ရှားက လာမည့်စနေနေ့၌ ကစား ရမည့် နောဝှစ်ချ်ပွဲကို အာရုံစိုက်ထားရမည် ဖြစ်ကြောင်း၊ မန်စီးတီးပွဲတွင် အသင်း၏ ဒုတိယပိုင်းကစားပုံအရ နောဝှစ်ချ်ပွဲ၌ ရလဒ် ပြန်ကောင်းမည်ကို ယုံကြည်ကြောင်း ဆိုခဲ့ သည်။

မန်ယူသည် ကာရာဘောင်းဖလား ဆီမီး ဖိုင်နယ် ဒုတိယအကျော့ပွဲအဖြစ် လာမည့် ဇန်နဝါရီ ၂၉ ရက် ၌ အီတီဟတ်တွင် သွား ရောက်ကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး