ရှက်ဖီးလ် − ဝက်စ်ဟမ်း
စနေ၊ နံနက် ၂း၃ဝ
သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ရှက်ဖီးလ်တို့ အခုအိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာတွေ့ဖို့ ကြိုးစားလာဖွယ်ရှိပါတယ်။ ဝက်စ်ဟမ်းကလည်း တန်းဆင်းဇုန်နဲ့ ဝေးနိုင်သလောက်ဝေးအောင် ကြိုးစားနေတဲ့အသင်းဖြစ်တာကြောင့် ဒီပွဲက ကြည့်ကောင်းမှာ သေချာပါတယ်။ ခြေစွမ်းတည်ငြိမ်မှုမှာ ရှက်ဖီးလ်က သာတာကြောင့် အိမ်ရှင်ကိုပဲ အားပေးချင်တယ်။
ပဲလေ့စ် − အာဆင်နယ်
စနေ၊ ည ၇းဝဝ
ပဲလေ့စ်ရဲ့ ကစားအားက အကောင်းကြီးမဟုတ်ပါဘူး။ အာဆင်နယ်ကတော့ နည်းပြသစ် အာတီတာ လက်ထက်မှာ မန်ယူကိုတောင် အနိုင်ကစားထားတဲ့အသင်းဖြစ်ပါတယ်။ အက်ဖ်အေမှာလည်း လိဒ်ယူနိုက်တက်ကို နိုင်ထားပါတယ်။ ဒါကြောင့် အာဆင်နယ်ကစားအားပြန်ကောင်းလာတဲ့ အနေအထားပါ။ အခု အဝေးကွင်းပွဲစဉ်မှာလည်း အာဆင်နယ်တို့ ရလဒ်ကောင်းအောင် ကြိုးစားဦးမှာပါ။
ချယ်လ်ဆီး − ဘန်လေ
စနေ၊ ည ၉း၃ဝ
ချယ်လ်ဆီးတို့ ရလဒ်တွေပြန်ကောင်းလာပေမဲ့ ဘန်လေက ပရီမီယာလိဂ်မှာ သုံးပွဲဆက်တိုက်ရှုံးထားပါတယ်။ အခုကစားရမှာကလည်း ချယ်လ်ဆီးကွင်းဖြစ်နေတော့ ဘန်လေတို့အတွက် မျှော်လင့်ချက်က နည်းနေပါတယ်။ အိမ်ကွင်းမှာ ချယ်လ်ဆီးတို့ အနိုင်သုံးမှတ် ရယူသွားမှာပါ။
အဲဗာတန် − ဘရိုက်တန်
စနေ၊ ည ၉း၃ဝ
အဲဗာတန်က အလယ်အလတ်အသင်းတွေထဲမှာ ခြေစွမ်းမာကျောတဲ့အသင်းပါ။ အသင်းကြီးတွေကိုတောင် ခံကစားနိုင်တဲ့ အနေအထားမှာရှိပါတယ်။ ဘရိုက်တန်ကလည်း အမှတ်ပေးဇယားအလယ်လောက် မှာ ရှိပေမဲ့ အဲဗာတန်လောက် ခြေမကောင်းပါဘူး။ အဲဗာတန်ကိုပဲ ရွေးချယ်သင့်ပါတယ်။
လက်စတာ − ဆောက်သမ်တန်
စနေ၊ ည ၉း၃ဝ
လက်စတာရဲ့ ရစ်သမ်က အခုချိန်ထိ မကျသေးပါဘူး။ အသင်းကြီးအချို့က လွဲပြီးကျန်အသင်းတွေကို အကောင်းဆုံးကစားထားနိုင်ပါတယ်။ ဆောက်သမ်တန်ကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျှောက်နိုင်ပွဲတွေဆက်နေပါတယ်။ ဒါပေမဲ့ လက်စတာရဲ့ ရစ်သမ်ကိုတော့ မမီပါဘူး။လက်စတာပါပဲ။
မန်ယူ − နော်ဝစ်ချ်
စနေ၊ ည ၉း၃ဝ
ပြိုင်ပွဲသုံးမျိုးကို နှစ်ရက်ခြားတစ်ပွဲစီကစားထားတဲ့မန်ယူတို့ နှစ်ပွဲရှုံး၊ တစ်ပွဲသရေရလဒ်သာ ထွက်ပေါ်ထားတဲ့အတွက် ပွဲပန်းနေတယ်လို့ ယူဆစရာပါ။ ဒါပေမဲ့ အခုကစားရမှာက အမှတ်ပေးဇယားအောက်ဆုံးက နော်ဝစ်ချ်ဖြစ်နေတာကြောင့် မန်ယူအတွက် အနည်းငယ်သက်သာစေပါတယ်။ အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် မန်ယူတို့ နိုင်ပွဲပြန်ရှာတွေ့မယ် ထင်တယ်။
ဝုဗ် − နယူးကာဆယ်
စနေ၊ ည ၉း၃ဝ
ဝုဗ်က အသင်းကြီးတွေကိုတောင် ကစားရခက်စေတဲ့အသင်းပါ။ အလယ်အလတ်အသင်းတွေထဲက အကောင်းဆုံးစာရင်းမှာ ပါဝင်ပါတယ်။ နယူးကာဆယ်ရဲ့ လောလောဆယ် ခြေစွမ်းက အကျဘက်မှာ ရှိနေပါတယ်။ ဒါကြောင့် ဝုဗ်အိမ်ကွင်းမှာ နယူးကာဆယ်တို့ ရလဒ်မကောင်းနိုင်ပါဘူး။
စပါး − လီဗာပူး
တနင်္ဂနွေ၊ နံနက် ဝဝးဝဝ
ဒီတစ်ပတ်အတွက် အကောင်းဆုံးပွဲတစ်ပွဲပါ။ စပါးက အဆင့် (၄) နေရာအတွင်း ပြန်ဝင်အောင် ကြိုးစားနေသလို လီဗာပူးကလည်း ချန်ပီယံခြေစွမ်း ပိုင်ဆိုင်ထားတဲ့အသင်းပါ။ ဒီနှစ်ရာသီမှာ စပါးခြေစွမ်းက သိပ်အကောင်းကြီးတော့ မဟုတ်ပါဘူး။ အခုပွဲမှာ အိမ်ကွင်းအားသာချက်နဲ့ ကစားဖွယ်ရှိပေမဲ့ လီဗာပူးရစ်သမ်ကိုတော့ မမီနိုင်ပါဘူး။ လီဗာပူး ကပ်နိုင်သွားနိုင်ပါတယ်။
ဘုန်းမောက် − ဝက်ဖို့ဒ်
တနင်္ဂနွေ၊ ည ၈း၃ဝ
တန်းဆင်းဇုန်ထဲက နှစ်သင်းတွေ့ဆုံတဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲအနိုင်ရတဲ့အသင်းက လက်ရှိနေရာကနေ လွတ်မြောက်ဖို့ အခွင့်အရေးရှိနေပါတယ်။ ဒါကြောင့် နှစ်သင်းစလုံး ကြိုးစားကစားကြမှာပါ။ ဘုန်းမောက်မှာ အိမ်ရှင်ဆိုတဲ့အားသာချက်ရှိပေမဲ့ လက်ရှိခြေစွမ်းတွေအရ ဝက်ဖို့ဒ်က သာပါတယ်။ ဝက်ဖို့ဒ် မရှုံးလောက်ဘူးထင်တယ်။
ဗီလာ − မန်စီးတီး
တနင်္ဂနွေ၊ ည ၁၁းဝဝ
နှစ်သင်းစလုံးက ကြားရက်မှာ လိဂ်ဖလားပွဲတွေ ကစားထားရပါတယ်။ ဒါကြောင့် ပွဲဆက်တွေများပြီး နှစ်သင်းစလုံး ပွဲပန်းနေနိုင်ပါတယ်။ ဒါပေမဲ့ အသင်းအနေအထားချင်းကတော့ အများကြီးကွာပါတယ်။ ဗီလာအိမ်ကွင်းဆိုပေမဲ့ ကစားသမားအင်အား တောင့်တင်းတဲ့ မန်စီးတီးကိုပဲ အကြိုက်တွေ့မိတယ်။















