မန္တလေးတိုင်းတွင် တစ်နှစ်တာအတွင်း ယာဉ်တိုက်မှုပေါင်း ၁၇၅   မှုရှိခဲ့၊ ယခင်နှစ်ထက် ၃၆ မှုလျော့နည်း

မန္တလေးတိုင်းတွင် တစ်နှစ်တာအတွင်း ယာဉ်တိုက်မှုပေါင်း ၁၇၅   မှုရှိခဲ့၊ ယခင်နှစ်ထက် ၃၆ မှုလျော့နည်း

မန္တလေးတိုင်းအတွင်း ၂ဝ၁၉ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလ နှစ်ချုပ်စာရင်းများ အရ ယာဉ်တိုက်မှုပေါင်း ၁၈၇၅ မှု ရှိရာ ယခင်နှစ် ၂ဝ၁၈ ခုနှစ်ကဖြစ်ပွား ခဲ့သည့်ယာဉ်တိုက်မှုထက် ၃၆၈ မှု လျော့နည်းခဲ့ပြီး လိုင်စင်မဲ့ယာဉ် ၁ဝ၃ စီးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း အမှတ်(၁၄)ယာဉ်ထိန်းရဲ ဒုတိယတပ် ဖွဲ့ခွဲ(မန္တလေး)၏ ရုံးစာရင်းများအရ သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေရေးအတွက် ပညာပေး လုပ်ငန်းများနှင့် အရေးယူမှုများမှာ ယခင်နှစ်များထက် ပိုမိုလုပ်ဆောင်ခဲ့ ရာ စည်းကမ်းလိုက်နာမှုရှိလာကြောင်း သိရသည်။

''ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာလာတယ်လို့ ပြောနိုင်ပါ တယ်။ စစ်ဆေးမှုတွေနေ့စဉ်လုပ်ရင်းက စည်းကမ်းပျက်ယာဉ်တွေနဲ့ လိုင်စင်မဲ့ ယာဉ်တွေကို အရေးယူဆောင်ရွက်ပါ တယ်။ ယာဉ်တိုက်မှုက မဆင်မခြင် မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပြီး အရှိန်ပြင်းမောင်းနှင်တာက ဒုတိယ နေရာမှာရှိတယ်။ ဒါကြောင့် စည်းကမ်း လိုက်နာကြဖို့ အပြစ်ပေးတာတွေ၊ စစ် ဆေးအရေးယူတာတွေကို စီမံချက်နဲ့ ဆောင်ရွက်နေပါတယ်''ဟု ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယာဉ်တိုက်မှု ၁၈၇၅ မှုတွင် သေဆုံး သူ ၆၃၁ ဦးရှိကာ ၂၇၆ဝ ဒဏ်ရာရရှိခဲ့ ကြောင်း ဧပြီလ၌အများဆုံးဖြစ်ပွား၍ ၂၅၄ ဦးဒဏ်ရာရကာ ၇၁ ဦးသေဆုံး ခဲ့ပြီး စက်တင်ဘာလတွင် အမှုပေါင်း ၁၃ဝ ၌ ၂၁၂ ဦးဒဏ်ရာရကာ ၄၁ ဦးသေဆုံးခဲ့ကြောင်း၊ လမ်းဆုံလမ်းမ များတွင် စစ်ဆေးမှုများလုပ်ဆောင်ရာ လိုင်စင်မဲ့ယာဉ် ၁ဝ၃ စီးကို ဥပဒေအရ အရေးယူခဲ့ကြောင်း သိရသည်။

''လိုင်စင်မဲ့ကတော့ အနည်းနဲ့ အများရှိနေမှာပဲ။ နယ်တွေမှာပိုများ မယ်။ မန္တလေးရဲ့အဓိကလမ်းတွေမှာ CCTV ကင်မရာတွေတပ်ဆင်ထား သလို မီးပွိုင့်တွေ တိုးချဲ့တပ်ဆင်ထား တာတွေ့ရတယ်။ အဲဒီမှတ်တမ်းတွေ အရ စည်းကမ်းဖောက်ဖျက်ယာဉ်တွေကို နောက်ဆိုရင် အရေးယူဖို့ဖြစ်လာမယ်'' ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

စည်းကမ်းလိုက်နာမှု ရှိစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်း အဖွဲ့များဖြင့် စစ်ဆေးခြင်းများနှင့် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာမှစတင်၍ စည်း ကမ်းဖောက်ဖျက်ယာဉ်များကို မော်တော် ယာဉ်ဥပဒေဖြင့်အရေးယူခဲ့ပြီး တိုင်း အတွင်း မော်တော်ယာဉ်နှင့်ဆိုင်ကယ် များအရေးယူမှုတွင် ယခင်နှစ်ထက် အစီးရေတစ်သောင်းခွဲကျော် ပိုမိုခဲ့ ကြောင်း သိရသည်။

မန္တလေးတိုင်းကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာအထိ ယာဉ်မှတ်ပုံတင်ထား ရှိသော တစ်တိုင်းလုံးစာရင်းများအရ စုစုပေါင်း ၁၁၆၁၇၈ စီးအနက် မန္တလေး တောင်ပိုင်းရုံးတွင် ၃၉၈၉၉ စီးနှင့် မြောက်ပိုင်းရုံးတွင် ၆ဝ၇၉ စီးရှိကြောင်း နှင့် ယာဉ်မောင်းလိုင်စင်အမျိုးအစား အလိုက် လိုင်စင်ရှိသူပေါင်းမှာ ၁၃ သိန်း နီးပါးရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး