အလွတ် ပြောင်းရွှေ့ကြေးဖြင့် အသင်းဟောင်း အေစီမီလန်သို့ ပြန်ရောက်နေသော အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူး အီဗရာဟီမိုဗစ်သည် ကက် ဂလီယာရီကို နှစ်ဂိုးပြတ် အနိုင်ရသည့်ပွဲတွင် ၆၄ မိနစ်၌ ဒုတိယဂိုးသွင်းနိုင်ခဲ့ရာထူးခြားစံချိန် ပိုင် ဆိုင်လာခဲ့ကြောင်း သိရသည်။
မိုဗစ်သည် ဟာနန်ဒက်ဇ်၏ ပေးပို့မှုမှတစ်ဆင့် ပင်နယ်တီဂိုး ဧရိယာထဲမှ ဂိုးသွင်းခဲ့ခြင်းဖြစ်ပြီး ဂိုးရပြီးနောက် နတ်ဘုရားတစ်ဦးကဲ့သို့ လက်နှစ် ဖက်ဆန့်တန်း၍ အောင်ပွဲခံခဲ့သည်။
မိုဗစ်သည် ယခုအခါ ဆယ်စုနှစ်လေးခု ဆက်တိုက် ဂိုးသွင်း နိုင်သော ကစားသမားတစ်ဦးအဖြစ် စံချိန်မှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။
မိုဗစ်သည် ၁၉၉ဝ ပြည့်နှစ်တွင် ပရိုကစား သမားဘဝ တစ်ဂိုး၊ ၂ဝဝဝ ပြည့်နှစ်တွင် ၁၉၁ ဂိုး၊ ၂ဝ၁ဝ ပြည့်နှစ်တွင်၃၄၄ ဂိုးနှင့် ၂ဝ၂ဝ ပြည့်နှစ်၌ တစ်ဂိုးသွင်းယူနိုင်ခဲ့သည်။
ကက်ဂလီယာရီနှင့်ပွဲ အပြီး မိုဗစ်က ''တိုက်စစ်မှူး တစ်ယောက်အတွက် ဂိုးသွင်းဖို့က အရေးကြီးတယ်။ အကောင်းဆုံး ခြေ စွမ်းရဖို့ ကျွန်တော့်အနေနဲ့ ပွဲပိုကစားမှဖြစ်မယ်။နည်းပြက ကျွန်တော့် အသက်အရွယ်ကို စဉ်းစား နေမှာဖြစ်ပေမယ့် ကျွန်တော်ကတော့ စိတ်မြန်နေ သလို ခန္ဓာကိုယ်ကလည်း လိုက်နိုင်ဆဲပါ''ဟု ပြော ကြားခဲ့သည်။















