လီဗာပူးသည် ဇန်နဝါရီ ၁၁ ရက်က လန် ဒန်၌ စပါးအသင်းနှင့်ယှဉ်ပြိုင်ခဲ့ရာ ဘရာဇီး တိုက်စစ်မှူး ဖာမီနို၏ တစ်လုံးတည်းသော အနိုင်ဂိုးကြောင့် တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ ပြီးနောက် မည်သည့် ဥရောပအသင်းမှ မရဖူး သည့် စံချိန်မှတ်တမ်းတစ်ခု ရေးထိုးနိုင်ခဲ့ ကြောင်း သိရသည်။
လီဗာပူး ပွဲထွက် လူစာရင်း တွင် ဆာလက်ချ်၊ ဖာမီနို၊ မာနေး၊ချိန်ဘာ လိန်နှင့် ဟန်ဒါဆန် အစရှိသော အဓိက ကစားသမားများ ပါဝင်ခဲ့သည်။ စပါးနည်းပြ မော်ရင်ဟိုသည် ဆွန်ဟောင်မင်၊ အယ်လီ၊ မိုရာ၊ အီရစ်ဆန်နှင့် ဟယ်ရီဝင့်ခ်တို့ကို ပွဲထွက် အသုံးပြုခဲ့သည်။
လီဗာပူးသည် ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းရရှိအောင် ကစားနိုင်ခဲ့ပြီး စပါး အသင်းထက် ဂိုးပေါက်ခြိမ်းခြောက်မှု ပိုများ ခဲ့သည်။ လီဗာပူးအတွက် အဖိုးတန် အနိုင်ဂိုး ကို ဘရာဇီးတိုက်စစ်မှူး ဖာမီနိုက ပွဲချိန် ၃၇ မိနစ်တွင် သွင်းယူပေးခဲ့သည်။
လီဗာပူးသည် ရာသီအစမှ လက်ရှိအချိန် အထိ လိဂ်ပွဲ ၂၁ ပွဲ ကစားပြီးချိန် ၆၁ မှတ်ဖြင့် ရမှတ်အများဆုံး စုဆောင်းကာ တာထွက် အလှဆုံး ဥရောပအသင်းအဖြစ် မှတ်တမ်းဝင် ခဲ့သည်။
ဥရောပအသင်းကြီးများဖြစ်သည့် ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်၊ ချယ််လ်ဆီးနှင့် ဘာစီလိုနာတို့သည် ရာသီအစ မှ လိဂ် ၂၁ ပွဲ ကစားပြီးချိန်အထိရမှတ်များစွာ စုဆောင်းနိုင်ခဲ့သော်လည်း အမှတ် ၆ဝ မကျော် ခဲ့ပေ။ လီဗာပူးသည် ယခုနှစ် ပရီးမီးယားလိဂ် တွင် ပွဲ၂ဝ အနိုင်ကစားထားပြီး မန်ယူနှင့် တစ်ပွဲသာ သရေကျခဲ့သည်။ လီဗာပူးသည် ဒုတိယနေရာမှ လက်စတာအသင်းကို ၁၆ မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။
စပါးနှင့်ပွဲတွင် ဂိုးသွင်းခွင့်များစွာ ရခဲ့သော် လည်း တစ်ဂိုးသာ သွင်းယူနိုင်ခဲ့၍ တိုက်စစ်မှူး ဖာမီနိုက ပွဲအပြီးတွင်အသင်းနည်းပြ ကလော့ပ် အား တောင်းပန်ခဲ့သည်။
ကလော့ပ်က ''ပွဲပြီးတော့ ကျွန်တော် သူ့ နားရောက်တဲ့အချိန် ပွေ့ဖက်မလို့လုပ်တော့ သူက ခဏရပ်ဆိုပြီး စကားအရင်ပြောပါ တယ်။ စပါးကို ဒီ့ထက်ပိုပြီး ဂိုးတွေ သွင်းနိုင်သင့်တယ်လို့ သူကပြောခဲ့တာပါ။ ဒါကလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဖာမီနိုဟာ ဒီပွဲမှာ ဂိုးတွေပိုရသင့်တယ်။ ဘာပဲပြောပြော သူဟာ ကျွန်တော်တို့ အသင်းရဲ့ စူပါကစားသမားပါ။ ဒီစကားကို ကျွန်တော်ပြောတာက ပထမဆုံး အကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်သေးပါဘူး။ ဖာမီနိုဟာအသင်းကို အများကြီး အထောက်အကူပြုပါတယ်''ဟု ပြောကြားခဲ့သည်။
နည်းပြ ကလော့ပ်က စပါးကွင်း၌ အနိုင်ရ ခဲ့၍ ပျော်ရွှင်မိသော်လည်း ဂိုးများစွာ ပိုရသင့် ကြောင်းလည်း ဆိုခဲ့သည်။်















