ကက်ဂလီယာရီအား ဂိုးပြတ်နိုင်သည့်ပွဲ၌ လူကာကူခြေစွမ်းပြပြီးဂိုးများသွင်း  မန်ယူအသင်းကိုစွန့်ခွာခဲ့၍ နောင်တရစရာမရှိဟုဆို

ကက်ဂလီယာရီအား ဂိုးပြတ်နိုင်သည့်ပွဲ၌ လူကာကူခြေစွမ်းပြပြီးဂိုးများသွင်း  မန်ယူအသင်းကိုစွန့်ခွာခဲ့၍ နောင်တရစရာမရှိဟုဆို

အင်တာမီလန်သည် ဇန်နဝါရီ ၁၄ ရက်က ကိုပါအီတာလီယာ ၁၆ သင်းအဆင့်ပွဲအဖြစ် အိမ်ကွင်းတွင် ကက်ဂလီယာရီနှင့်ကစားခဲ့ရာ လေးဂိုး တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရကာ ကွာ တားဖိုင်နယ်အဆင့်သို့ တက်လှမ်းခဲ့သည်။ 

ကိုပါအီတာလီယာပွဲမတိုင်မီ အတ္တလန္တာ နှင့် သရေကျခဲ့သောကြောင့် အင်တာမီလန် သည် ဖိဖိစီးစီးကစားခဲ့ပြီး ပွဲအစ ၂၁ စက္ကန့် ၌ပင် ဦးဆောင်ဂိုးရခဲ့ပြီး လူကာကူက သွင်းယူ ပေးခဲ့သည်။ 

ကက်ဂလီယာရီသည် အင်တာ မီလန်နှင့်ကစားအားချင်းမယှဉ်နိုင်ဘဲ ၂၂ မိနစ်တွင် ဂိုးထပ်ပေးခဲ့ရပြီး ဗယ်လီရိုက ဂိုး သွင်းပေးခဲ့သည်။ ခြေစွမ်းပြကစားခဲ့သော လူကာကူသည် ပွဲချိန် ၄၉ မိနစ်တွင် တတိယ ဂိုးကို ခေါင်းတိုက်၍ သွင်းပေးခဲ့သည်။ ကက် ဂလီယာရီသည် ၇၂မိနစ်၌ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့သော်လည်း အင်တာမီလန်အတွက် အပိတ်ဂိုးကို ရာနော့ချီယာက မိနစ် ၈ဝ တွင် သွင်းပေးခဲ့၍ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူသည် မန်ယူမှ ပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းဖြင့် အင်တာမီလန်သို့ပြောင်းခဲ့ပြီးနောက် အကောင်း ဆုံး ခြေစွမ်းပြကစားနေသည်။ လူကာကူသည် အသင်းအတွက်  နောက်ဆုံးပွဲကစားခဲ့ရာ ခြောက်ဂိုးသွင်းယူနိုင်ခဲ့သည်။ ၄င်းသည် အင် တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားထားရာ စီးရီးအေ ၁၄ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၁၈ ဂိုးအထိ သွင်းထားသူဖြစ်သည်။ 

ထို့ပြင် လူကာကူသည် ယခုနှစ် ဥရောပထိပ် တန်းလိဂ်ငါးခုတွင် တစ်ပွဲ နှစ်ဂိုးသွင်းနိုင်သည့်ပွဲ ငါးပွဲပိုင်ဆိုင်ထားသည်။ မန်ယူကိုစွန့်ခွာ၍ အင်တာမီလန်ကို ပြောင်းခဲ့ခြင်းက နောင်တရ စရာမရှိဟုလည်း လူကာကူက ယုံကြည်နေ သည်။ 

လူကာကူက ''ကစားဖော်တွေ၊  နည်းပြ အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေကို ကျွန်တော် ကျေးဇူးတင်ရမယ်။ ဒီကိုစရောက်တဲ့နေ့ကစလို့ အားလုံးက ကျွန်တော့်ကိုကူညီကြတယ်။ အင် တာမီလန်အသင်းက ကျွန်တော့်ရဲ့အကောင်း ဆုံးရွေးချယ်မှုပါ။ ကျွန်တော်ဒီမှာ ခြေစွမ်း ပိုတိုးတက်နိုင်သလို ပိုအစွမ်းပြနိုင်မယ်။ ကျွန် တော့်တာဝန်က ဘယ်နည်းနဲ့မဆို အသင်းကို ကူညီပေးဖို့ပါ။ ပရိသတ်တွေက ဒါကို ကြိုက် နှစ်သက်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ခြေစွမ်းကောင်းကို ထိန်းထားဖို့ ကြိုးစားမှာပါ။ ဂိုးတွေသွင်းဖို့က အဓိကဖြစ်ပေမယ့် ကျွန် တော်ဟာ ကိုယ့်အတွက်ကိုယ်မစဉ်းစားဘဲ အသင်းကိုသာ ဦးစားပေးမှာပါ။ အောင်မြင်မှု တွေရဖို့ မျှော်လင့်ထားတယ်''ဟု ပြောသည်။ 

ကိုပါအီတာလီယာ၊ လက်ရှိချန်ပီယံ လာဇီ ယိုမှာ ခရီမွန်နက်ဆီကို လေးဂိုးပြတ်အနိုင်ရ ခဲ့ပြီး နာပိုလီမှာ ပီရူဂျီယာကိုနှစ်ဂိုးပြတ်နိုင်၍ ကွာတားအဆင့်တက်ရောက်ခဲ့သည်။

 

 



ဖတ်ရှုမှုအများဆုံး