အဆိပ်လူးမြားဒဏ်ရာဖြင့် အမြီးပြတ် သေဆုံးနေသည့် တောဆင်ရိုင်းအထီးတစ်ကောင်တွေ့

အဆိပ်လူးမြားဒဏ်ရာဖြင့် အမြီးပြတ် သေဆုံးနေသည့် တောဆင်ရိုင်းအထီးတစ်ကောင်တွေ့

ဘုတ်ပြင်းမြို့နယ်၌ အဆိပ်လူးမြားဒဏ်ရာဖြင့် အမြီးပြတ် သေဆုံးနေသည့် တောဆင်ရိုင်းအထီးတစ်ကောင်တွေ့ရှိမှုကို သက်ဆိုင်ရာက ဇန်နဝါရီ ၁၆ ရက်တွင် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ဇန်နဝါရီ ၁၅ ရက် ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်း ကျေးရွာအနီး မြိတ်-ဘုတ်ပြင်းကားလမ်း မိုင်တိုင်(၁၂၆/၂-၃)ကြား၌ တောဆင်ရိုင်း အထီးတစ်ကောင် သေဆုံးနေကြောင်း သတင်းရရှိသဖြင့် ဘုတ်ပြင်းမြို့မရဲစခန်းမှူး ဦးစီးသည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ အဆိုပါဆင်မှာ အလျား ၁၀ ပေ၊ လုံးပတ် ၁၃ ပေ၊ နှာမောင်း ၅ ပေခန့်ရှိပြီး အသက် ၁ နှစ်ခန့်အရွယ်ရှိ ဟိုင်းဆင် အမျိုးအစားဖြစ်ပြီး ၎င်းတွင် အမြီးပြတ်လျက် ဝဲနားရွက်နှင့် ဝမ်းဗိုက်ဝဲဘက်တို့တွင် အဆိပ် လူးမြားဒဏ်ရာ နှစ်ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

သက်ဆိုင်ရာက အဆိုပါဆင်သေဆုံးမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး သစ်တောဥပဒေအရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။