ခံစစ်ပိုင်းအတွက်   ကာဇာဝါကိုခေါ်ယူရန်   အာဆင်နယ်စောင့်ကြည့်  ရှက်ဖီးလ်နှင့်ပွဲ၌   ကိုလာစီနက်   ကစားနိုင်မည်မဟုတ်

ခံစစ်ပိုင်းအတွက်   ကာဇာဝါကိုခေါ်ယူရန်   အာဆင်နယ်စောင့်ကြည့်  ရှက်ဖီးလ်နှင့်ပွဲ၌   ကိုလာစီနက်   ကစားနိုင်မည်မဟုတ်

အာဆင်နယ်အသင်းတာဝန်ရှိသူများသည် အားနည်း နေသည့်ခံစစ်ပိုင်းအတွက် ပီအက်စ်ဂျီနောက်ခံလူ ကာဇာ ဝါကို ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မပိတ်မီ ခေါ်ယူ ရန် ကြိုးစားမည်ဖြစ်ကြောင်း အင်္ဂလန်သတင်းများက အခိုင်အမာဖော်ပြခဲ့သည်။ 

အာဆင်နယ်သည် နွေရာသီ စျေးကွက်က ဆဲလ်တစ်မှ တီယာနေးကို ခေါ်ယူခဲ့သော်လည်း စကော့တလန်ကစားသမားမှာ ပခုံးဒဏ်ရာကြောင့် အနား ယူနေရသည်။ 

အခြားနောက်ခံကစားသမားများဖြစ်သည့် ဘယ်လာရင်နှင့် ဟိုးဒင်းလ်တို့မှာလည်း ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်နေရသည်။ ထို့အပြင် အင်္ဂလန်ကစားသမား ချမ်ဘာမှာလည်း ဒဏ်ရာကြောင့် ကာလရှည်အနားယူနေ ရသည်။ ထို့ကြောင့် အာဆင်နယ်နည်းပြ အာတီတာသည် ခံစစ်ပိုင်းအတွက် ခေါင်းခဲနေရသည်။

အာဆင်နယ် ဘယ်ခြမ်းနေရာအတွက် ကြံ့ခိုင်မှုပြည့်ဝ စွာဖြင့်ကစားနိုင်မည့်သူမှာ လက်ရှိတွင် ဆာကာတစ်ဦး တည်းသာရှိနေသည်။ အာဆင်နယ်မှ စိတ်ဝင်စားနေသည့် အသက် ၂၇ နှစ်အရွယ် ပြင်သစ် ဘယ်နောက်ခံလူ ကာဇာဝါသည် ပီအက်စ်ဂျီ၌ ကစားနေသည်မှာ ငါးနှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။ 

ကာဇာဝါသည် ပီအက်စ်ဂျီနှင့် စာချုပ်အရ ယခုနှစ်ရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ ကာဇာဝါသည် ယခုနှစ်တွင် ပီအက်စ်ဂျီအတွက် ၁၄ ပွဲ ကစားထားသည်။ ¤င်းသည် ပြင်သစ်အသင်းအတွက် ၁၃ ပွဲကစားထားသူလည်း ဖြစ်သည်။ အာဆင်နယ်သည် ဇန်နဝါရီစျေးကွက်အတွင်း ခံစစ်ပိုင်း အဓိကအားဖြည့် ရမည်ဖြစ်သည်။

အာဆင်နယ်ကစားသမားတစ်ဦးဖြစ်သည့် ကိုလာစီ နက်သည် ယနေ့ညကစားမည့် ရှက်ဖီးလ်ယူနိုက်တက်နှင့် ပွဲတွင်ဒဏ်ရာကြောင့်ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။ ဘယ်နောက်ခံလူ ကိုလာစီနက်မှာ ပေါင်ခြံဒဏ်ရာ ကြောင့်အနားယူနေရသည်။ 

အာဆင်နယ်တိုက်စစ်တွင် အော်ဘာမီယန်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်မည် မဟုတ်ပေ။ အာဆင်နယ်သည် ယခုနှစ်ရာသီ ပထမအကျော့ တွင် ရှက်ဖီးလ်အား တစ်ဂိုး ဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့သည်။

 

 



ဖတ်ရှုမှုအများဆုံး