ဒေါ့မွန်နှင့် ဟာလန်း ဘွန်ဒက်စ်လီဂါ ပွဲဦးထွက်ရန်ရှိနေ

ဒေါ့မွန်နှင့် ဟာလန်း ဘွန်ဒက်စ်လီဂါ ပွဲဦးထွက်ရန်ရှိနေ

ဒေါ့မွန်သို့ပြောင်းရွှေ့ခဲ့သော နော်ဝေ တိုက်စစ်မှူး ဟာလန်းသည် ယနေ့ည ကစားမည့်အော့စ်ဘတ်နှင့် အဝေးကွင်းပွဲတွင် ဘွန်ဒက်စ်လီဂါ ပွဲဦးထွက်ကစား ရန် အခြေအနေများနေကြောင်း သိရ သည်။ 

ဟာလန်းသည် ယခုနှစ်တွင် ဆဲလ် ဘတ်အသင်းအတွက် ၂၂ ပွဲကစားခဲ့ရာ ၂၈ ဂိုးသွင်းယူခဲ့သူဖြစ်ပြီး ဇန်နဝါရီ စျေးကွက်၌ ဒေါ့မွန်သို့ရောက်ရှိခဲ့သူဖြစ် သည်။ ဟာလန်းသည် ဒေါ့မွန်အသင်း၏ ပထမရာသီဝက်အပြီး  လေ့ကျင့်ခန်းအစီအစဉ်များတွင် ပါဝင်ခဲ့ခြင်းမရှိ၍ ၄င်း၏ကြံ့ခိုင်မှုအခြေအနေမှာ စောင့် ကြည့်နေရသည်။ ဒေါ့မွန်ပရိသတ်များကမူ ဟာလန်းပါဝင်ကစားသည်ကို မြင်တွေ့ လိုနေသည်။

ဒေါ့မွန်နည်းပြဖက်ရီက ''အော့စ်ဘတ် ပွဲမှာ ဟာလန်း ကစားမလားဆိုတာက အခြေအနေစောင့်ကြည့်ရဦးမှာပါ။ သူဟာ ဒီဇင်ဘာ ၁ဝ ရက်ကနေ လကုန်အထိ လေ့ကျင့်မှုမလုပ်နိုင်ခဲ့ဘူး။ မာဘယ်လာ မှာ အသင်းလေ့ကျင့်ခန်းဆင်းသော်လည်း သူ မပါနိုင်ခဲ့ဘူး။ သူ့အတွက်ပြင်ဆင်ချိန် နည်းနေတယ်။ ဒါပေမဲ့ မနေ့ကတော့ အပြေးလေ့ကျင့်ခန်းလုပ်နိုင်ပြီး အခြေ အနေကောင်းတယ်''ဟု ဆိုသည်။ ဒေါ့မွန် သည် ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၁၇)အပြီး အဆင့်(၄)နေရာတွင် ရပ်တည်နေသည်။

 

 



ဖတ်ရှုမှုအများဆုံး