ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့နယ်ရှိလွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူ များတွေ့ဆုံပွဲကို လစဉ်လတိုင်း ကွင်း ဆင်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီက ထိန်ငူ အုပ်စု ရေလဲကျေးရွာ အမကကျောင်း၌ ပြည်သူများတွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်လယ်ယာမြေဖွံ့ဖြိုးရေးဘဏ်၊မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ် ပညာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူ များက ပြည်သူတို့၏လိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ပေးခဲ့မှုများနှင့် ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မီးဘေးကြိုတင်ကာကွယ် ရေး၊ မှုခင်းကျဆင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာအသိပညာများကိုလည်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ရေလဲကျေးရွာနှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး အတွက် ကုန်ထုတ်လမ်းဆောင်ရွက် ပေးရန်၊ စာသင်ကျောင်းတွင် သောက် သုံးရေအတွက် ရေတွင်းလိုအပ်ကြောင်း တို့ကိုတင်ပြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည် ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေး ဌာနမှ ကျေးရွာရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
















