ဗဟန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွား

ဗဟန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးရှိ ဗဟန်းမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရေတာရှည်လမ်းတွင် ဇန်နဝါရီ ၁၈ ရက် နံနက် ၁ဝ နာရီ မိနစ် ၄ဝ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့၍ တာမွေမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်နှစ်စီး၊ ရွှေတိဂုံနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်တစ်စီးတို့ဖြင့် ၁ဝ နာရီ ၄၆ မိနစ်က Level 1 ယာဉ်အုပ်စု များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁ဝ နာရီ ၅၆ မိနစ်၌ မီးထိန်းနိုင်ပြီး ၁ဝ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

အလားတူ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက် အောက်မင်္ဂလာဒုံလမ်းမကြီး ကောင်းဆေးရုံအနီး၌ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

''အင်းစိန်မီးကတော့ အချိန်မီထိန်းနိုင်လို့ တစ်အိမ်တည်းသာ လောင်ကျွမ်းခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုးက ကျပ်ကိုးသိန်းခွဲပါ''ဟု အင်းစိန်မြို့နယ် မီးသတ်စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ အင်းစိန်မီးလောင်မှုတွင် နေအိမ်တစ်လုံးသာ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ပြီး နေအိမ်ပိုင်ရှင် ဦးတိုနီ(၅၇) နှစ်ကို မီးပေါ့ဆမှုဖြင့် အင်းစိန်မြို့မရဲစခန်းက (ပ)၁၁၂/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး