အာဆင်နယ်အသင်း၏ ပစ်မှတ် ဖြစ်နေသော နောက်ခံလူ ကာဇာဝါကို ရောင်းချရန်ထက် အသင်း၌ လိုအပ် ကြောင်း အသိပေးပြောကြားခဲ့သည်။
အာဆင်နယ်သည် လက်ရှိအချိန်တွင် ရလဒ်များကောင်းရန် ရုန်းကန်နေရပြီး အထူးသဖြင့် ခံစစ်အားနည်းမှုများ ရှိနေသည်။ နောက်ခံလူများ ဒဏ်ရာ ရနေသောကြောင့် အာဆင်နယ်မှာ ဇန်နဝါရီစျေးကွက်၌ ခံစစ်ကစားသမား ခေါ်ယူရမည်ဖြစ်ပြီး ဘယ်နောက်ခံလူ ကာဇာဝါကို အဓိကပစ်မှတ်ထားနေခြင်း ဖြစ်သည်။
အာဆင်နယ်သည် ကာဇာ ဝါကို တရားဝင် ကမ်းလှမ်းမှုမပြုလုပ် သေးခင် ပီအက်စ်ဂျီနည်းပြ တူချယ်ကဇန်နဝါရီ၌ ရောင်းချရန် အစီအစဉ် မရှိကြောင်းကို ဆိုခဲ့ခြင်းဖြစ်သည်။
နည်းပြတူချယ်က ''အရိုးသားဆုံး ပြောရရင် ကျွန်တော်တို့ ကာဇာဝါကို လိုအပ်နေပါတယ်။ လက်ရှိအချိန်မှာ တော့ဘယ်နောက်ခံနေရာအတွက် ဂျူယန်ဘားနက် ကစားနိုင်တယ်။ ဒါ ပေမဲ့ ဘားနက်က ဒဏ်ရာရနေတော့ ကျွန်တော်တို့ဆီမှာ ကာဇာဝါ မရှိလို့ မဖြစ်ဘူး။ ကာဇာဝါဟာ အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်သူလည်း ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
ကာဇာဝါသည် ၂ဝ၁၅ ခုနှစ်က မိုနာကိုမှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။ ပီအက်စ်ဂျီသို့ နည်းပြ တူချယ်ရောက်လာပြီးနောက် ကာဇာ ဝါမှာ အကန့်အသတ်ဖြင့် ကစားနေ ရပြီး ၂ဝ၁၈ ခုနှစ် မေလနောက်ပိုင်း ပြင်သစ်လီဂူးပွဲ ၃ဝ သာ ကစားခဲ့ရ ကြောင်း သိရသည်။















