ဗစ်ဆယ်ကိုဘေးမှ တူရကီကလပ်သို့ ပိုဒေါ့စကီးပြောင်းရွှေ့

ဗစ်ဆယ်ကိုဘေးမှ တူရကီကလပ်သို့ ပိုဒေါ့စကီးပြောင်းရွှေ့

အာဆင်နယ်တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်သူ ပိုဒေါ့စကီးသည် ဂျပန် ဂျေလိဂ်ကလပ် ဗစ်ဆယ်ကိုဘေးမှ တူရကီကလပ် အန်တယ်ရက်စပေါသို့ ပြောင်းရွှေ့ ကစားတော့မည်ဖြစ်ကြောင်း သိရသည်။ 

အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူး ပိုဒေါ့စကီးသည် ကိုဘေး အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အန် တယ်ရက်စပေါနှင့် တစ်နှစ်ခွဲစာချုပ် ချုပ်ဆိုမည်ဖြစ် သည်။

 ပိုဒေါ့စကီးသည် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၇ အထိ တူရကီကလပ် ဂါလာတာစာရေးတွင် ပါဝင်ကစားခဲ့ သူဖြစ်သည်။ ပိုဒေါ့စကီးသည် အာဆင်နယ်အသင်း၌ ကစားခဲ့စဉ် ၂ဝ၁၄ ခုနှစ်က အက်ဖ်အေဖလား ပိုင်ဆိုင် ခဲ့သူဖြစ်သည်။

ပိုဒေါ့စကီးသည် အသက်အရွယ်ရနေသော်လည်း ကြံ့ခိုင်မှု ပုံစံကောင်းရှိနေ၍ ဘောလုံးဆက်ကစားဦးမည် ဖြစ်သည်။ ၄င်းသည် ဘိုင်ယန်မြူးနစ် အသင်း၌လည်း ၁ဝ၆ ပွဲ ကစားခဲ့သည်။ 

အန်တယ်ရက်စပေါသည် တူရ ကီစူပါလိဂ်တွင် ရုန်းကန်နေရပြီး အဆင့် ၁၆ နေရာ တွင် ရပ်တည်နေသည်။ အန်တယ်ရက်စပေါသည် ၁၉၈၆ ခုနှစ်နောက်ပိုင်းတူရကီ စူပါလိဂ်ဖလားနှင့် ဝေးကွာနေသည်။

 

 



ဖတ်ရှုမှုအများဆုံး