ဒေါ့မွန်သည် ဇန်နဝါရီ ၁၈ ရက်က အော့စ်ဘတ်နှင့် ယှဉ်ပြိုင်ခဲ့ရာ ငါးဂိုး သုံးဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး နော်ဝေ တိုက်စစ်မှူး ဟာလန်းမှာ ပွဲဦးထွက်၌ ပင် ဟက်ထရစ်သွင်းယူကာ အဖွင့် လှခဲ့ကြောင်း သိရသည်။
ဒေါ့မွန်နည်းပြ ဖက်ရီသည် ပွဲထွက်လူစာရင်းတွင် ကစားသမားသစ် ဟာလန်းကို အသုံး ပြုခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်းမှသာ လူ စားဝင်ကစားသမားအဖြစ် အသုံးပြု ခဲ့သည်။ အော့စ်ဘတ်သည် ဦးဆောင် ဂိုးများ သွင်းနိုင်ခဲ့သော်လည်း ခံစစ် အားနည်းမှုကြောင့် ဂိုးများ ပြန်ပေးခဲ့ ရသည်။
ဒုတိယပိုင်း ၅၆ မိနစ်တွင် လူစား ဝင်ခဲ့သော အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူး ဟာလန်းသည် ပွဲချိန် ၅၉ မိနစ်၌ပထမဆုံးထိချက်မှတစ်ဆင့် အသင်းအတွက် ဒုတိယဂိုး သွင်းယူ ပေးခဲ့သည်။
ဒေါ့မွန်အတွက် တတိယ ချေပဂိုးကိုဆန်ချိုက ၆၁ မိနစ်တွင် သွင်းယူနိုင်ခဲ့သည်။ ဒေါ့မွန်နှင့် လေ့ကျင့် မှုအချိန် နည်းပါးခဲ့သော်လည်း ဟာ လန်းသည် ကြံ့ခိုင်မှုအပြည့်ဖြင့် ကစား နိုင်ခဲ့ပြီး ပွဲချိန် မိနစ် ရဝ တွင် ဟာဇက် ၏ဖန်တီးမှုမှတစ်ဆင့် ဂိုးသွင်းပေးခဲ့ သည်။
ဟာလန်းသည် ပွဲချိန် ၇၉ မိနစ် ၌ မာကိုရူးစ်၏ ပေးပို့မှုမှတစ်ဆင့် ဘောလုံးဆွဲယူကာ ဂိုး၏ညာဘက်ထောင့် သို့ လှလှပပ သွင်းယူပေးခဲ့၍ ဟက် ထရစ် ရရှိခဲ့သည်။
ဟာလန်းသည် ဆဲလ်ဘတ်အသင်း တွင် အကောင်းဆုံး ခြေစွမ်းပြကာ ဂိုးများ သွင်းယူနိုင်ခဲ့ပြီးနောက် ဒေါ့မွန် နှင့်ဘွန်ဒက်စ်လီဂါ ပွဲဦးထွက်၌လည်း အံ့မခန်း စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ် သည်။
ဒေါ့မွန်သည် မန်ယူကိုကျော် ဖြတ်၍ဟာလန်းအား ပြောင်းရွှေ့ ကြေး ယူရို သန်း ၂ဝ ဖြင့် ခေါ်ယူနိုင်ခဲ့ ခြင်းဖြစ်သည်။ ဒေါ့မွန်နည်းပြ ဖက်ရီက ''ဟာလန်းရဲ့ အစကောင်းခဲ့ပါတယ်။ သူ့မှာ ဘယ်လောက်ခြေစွမ်းရှိတယ် ဆိုတာကို ချက်ချင်းပြနိုင်ခဲ့တယ်။ သုံး ဂိုးသွင်းနိုင်ခဲ့တာက အံ့မခန်းစွမ်းဆောင် မှုပါ။ သူ့အသက် ၁၉ နှစ်ပဲ ရှိပါသေး တယ်။ အနာဂတ်အလားအလာ အများ ကြီးရှိပါတယ်''ဟု ချီးကျူးခဲ့သည်။
ဟာလန်းက ၄င်းအနေဖြင့် ဒေါ့မွန် သို့ပြောင်းရွှေ့ခဲ့သည်မှာ ဂိုးများသွင်း ယူပေးနိုင်ရန်ဖြစ်ကြောင်း၊ အကောင်း ဆုံးပွဲဦးထွက်ဖြစ်ခဲ့ကြောင်း ပွဲအပြီး၌ ပြောကြားခဲ့သည်။ ကစားဖော် မာကို ရူးစ်က ဟာလန်းမှာ အသင်း၏အဓိက ဂိုးသွင်းစက်ဖြစ်ခဲ့သော အော်ဘာမီ ယန်၏နေရာတွင် အကောင်းဆုံး အစားဝင်နိုင်မည့်သူဟု မျှော်လင့်ရ ကြောင်း ဆိုခဲ့သည်။
ဟာလန်းသည် ဆဲလ်ဘတ်၌ ကစားခဲ့စဉ် ၂၂ ပွဲ ကစားခဲ့ရာ ဟက် ထရစ် ငါးကြိမ်အပါအဝင် ၂၈ ဂိုး သွင်းယူခဲ့သူဖြစ်သည်။















