ပရီးမီးယားလိဂ် ချန်ပီယံမဖြစ်သေးဟု မန်ယူအသင်းအား နှစ်ဂိုးပြတ် အနိုင်ရသည့်ပွဲအပြီး ဆာလက်ချ် သတိပေး

ပရီးမီးယားလိဂ် ချန်ပီယံမဖြစ်သေးဟု မန်ယူအသင်းအား နှစ်ဂိုးပြတ် အနိုင်ရသည့်ပွဲအပြီး ဆာလက်ချ် သတိပေး

မန်ယူအား နှစ်ဂိုးပြတ်ဖြင့်အနိုင်ရခဲ့သော အင်္ဂလန်ဒါဘီပွဲတွင် လီဗာပူးအတွက် ဒုတိယ ဂိုးကို ဂိုးသမား အယ်လစ်ဆန်၏ ကန်တင်မှု မှတစ်ဆင့် ပွဲပြီးလုချိန်၌ ဂိုးသွင်းပေးခဲ့သော တောင်ပံတိုက်စစ်မှူး ဆာလက်ချ်က ၎င်းတို့ အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံ မဖြစ်သေးကြောင်း၊ ရှေ့ဆက် အာရုံစူးစိုက်မှု အပြည့်ထားရမည်ဟု သတိပေး ပြောကြားခဲ့သည်။

လီဗာပူးသည် အိမ်ကွင်းတွင် အားကြိုး မာန်တက် ကစားခဲ့ခြင်းဖြစ်ပြီး နောက်ခံလူ ဗန်ဒိုက်က ပွဲချိန် ၁၄ မိနစ်တွင် အာနိုး၏ထောင့်ကန်ဘောမှတစ်ဆင့် ဦးဆောင်ဂိုး သွင်း ယူနိုင်ခဲ့သည်။ ပွဲပြီးလုချိန်တွင် ဂိုးထပ်ရခဲ့သော ကြောင့် နိုင်ပွဲဆက်ခဲ့သည့် လီဗာပူးသည် နောက်ဆုံး ပရီးမီးယားလိဂ် ၃၁ ပွဲတွင် ရနိုင် ခြေရမှတ် ၉၃ မှတ်မှ ၉၁ မှတ်အထိ ရယူခဲ့ပြီး ပွဲ ၃ဝ အနိုင်ကစားခဲ့ခြင်းဖြစ်သည်။

လီဗာပူးသည် ပရီးမီးယားလိဂ် ၂၂ ပွဲ ကစားပြီးချိန် ၂၃ ပွဲကစားထားသော ဒုတိယ နေရာမှ လက်ရှိချန်ပီယံ မန်စီးတီးကို ၁၆ မှတ်ဖြတ်၍ အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည်။ လီဗာပူးသည် ယမန်နှစ်က မန်စီးတီးနှင့် တစ်မှတ်သာကွာပြီး ချန်ပီယံ မဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် အသင်းသမိုင်း တစ်လျှောက် ပထမဆုံးအကြိမ် ပရီးမီးယား လိဂ်ချန်ပီယံဖြစ်လာရန် အခြေအနေကောင်း နေသည်။

သို့သော် ဆာလက်ချ်က မန်ယူနိုင်ပွဲအပြီး ကျေနပ်နေ၍ မရကြောင်း ယုံကြည်နေသည်။

ဆာလက်ချ်က ''ကျွန်တော်တို့အနေနဲ့ တစ်ပွဲ ချင်းစီကို အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားဖို့ လိုအပ်ပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီလို့ တွေးလို့မရဘူး။ တစ်ပွဲပြီး တစ်ပွဲ အကောင်းဆုံး ကစားရမယ်။ ဒီနည်းလမ်းကပဲ ကျွန်တော်တို့ ရည်မှန်းချက်တွေ ပြည့်နိုင်မယ်။ မနှစ်က ဒီလို အချိန် အမှတ်လျော့ခဲ့တာတွေ ရှိခဲ့တယ်။ ဒီတော့ တစ်ပွဲချင်းစီအာရုံစိုက်ပြီးတည်ငြိမ်မှု ရှိဖို့လိုတယ်''ဟု ပြောကြားခဲ့သည်။

လီဗာပူးအသင်းသည် လာမည့်ဇန်နဝါရီ ၂၄ ရက်တွင် ပရီးမီးယားလိဂ် ပွဲစဉ်(၂၄)အဖြစ် ဝုလ်ဗာဟမ်တန်ကွင်းသို့ သွားရောက် ကစားရမည်ဖြစ်သည်။

 



ဖတ်ရှုမှုအများဆုံး