မန်ယူပစ်မှတ် ဘရူနိုဖာနန်ဒက်စ် အပြောင်းအရွှေ့ လိပ်ခဲတည်းလည်းဖြစ်နေ

မန်ယူပစ်မှတ် ဘရူနိုဖာနန်ဒက်စ် အပြောင်းအရွှေ့ လိပ်ခဲတည်းလည်းဖြစ်နေ

မန်ယူအသင်းကခေါ်ယူရန် အဓိကပစ်မှတ် ထားနေသော စပို့တင်းလစ္စဘွန်းမှ ပေါ်တူဂီ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်၏ အပြောင်းအရွှေ့မှာ ဇန်နဝါရီဈေးကွက်မပိတ်မီ အဖြေ ပေါ်နိုင်သော်လည်း လက်ရှိအချိန်တွင် လိပ်ခဲတည်းလည်းဖြစ်နေကြောင်း သိရသည်။

မန်ယူအသင်း တာဝန်ရှိသူများသည် အသက် ၂၅ နှစ်အရွယ် ဖာနန်ဒက်စ်ကိုခေါ်ယူရန် ပြောင်း ရွှေ့ကြေး ပေါင် ၄၂ ဒသမ ၅ သန်းသာ အသုံးပြုသော်လည်း ယင်းပမာဏမှာ လုံလောက်မှု မရှိပေ။ ထို့ကြောင့် မန်ယူသည် ဖာနန်ဒက်စ်ကို အရခေါ်ယူနိုင်ရန်အတွက် ပြောင်းရွှေ့ကြေး တိုးပေးရမည်ဖြစ်သည်။ မန်ယူ၏ ကမ်းလှမ်းမှု ပယ်ချခံရပြီးနောက် ယခုအခါ အပိုဆုကြေး အပါအဝင် ပြောင်းရွှေ့ကြေး ပေါင် ၄၇ သန်း ဖြင့် သဘောတူညီမှုရရှိနိုင်ကြောင်း သိရသည်။

ဖာနန်ဒက်စ်သည် ယခုနှစ် ဘောလုံးရာသီတွင် စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲကစားထားရာ ၁၅ ဂိုး သွင်းယူထားပြီး ကစားဖော်များအတွက် ဂိုးဖန်တီးမှု ၁၃ ကြိမ် ပြုလုပ်ထားသည်။ ဖာနန်ဒက်စ်၏ အပြောင်း အရွှေ့ကိစ္စမှာ အသင်းနှစ်သင်းကြား သဘော တူညီမှုရနိုင်ကြောင်း ဗြိတိန်သတင်းများက ဖော်ပြနေသော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ကာယကံရှင် ဖာနန် ဒက်စ်က ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ မန်ယူအသင်းထံ ပြောင်းရွှေ့နိုင်မည်ဟု ယုံကြည်ထားကြောင်း သူငယ်ချင်းများအား အသိပေးထားသည်။

မန်ယူသည် ဖာနန်ဒက်စ်ကို ခေါ်ယူရန် ကြိုးစားနေသည့်အချိန် အင်တာမီလန်မှ ဥရု ဂွေး ကွင်းလယ်လူ ဗီဆီနိုကိုခေါ်ယူရန် ချိတ် ဆက်မည်ဖြစ်ကြောင်း ဒေးလီးမေးလ်က ဖော်ပြ ခဲ့သည်။ မန်ယူသည် ယခုနှစ်ရာသီတွင် ဒဏ်ရာရ ပြဿနာများ ကြုံဆုံနေရပြီး ပေါ့ဘာမှာ ဒဏ်ရာကြောင့် နားခဲ့ရသလို တွန်မီနေးမှာလည်း ဒူးဒဏ်ရာကြောင့် မတ်လအထိ နားရမည်ဖြစ် သည်။ <p>မန်ယူမှ စိတ်ဝင်စားနေသော အသက် ၂၈ နှစ် အရွယ် ဗီဆီနိုသည် ၂ဝ၁၇ ခုနှစ် သြဂုတ်လက ဖီအိုရင်တီးနားမှ ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းဖြင့် အင်တာမီလန်သို့ ပြောင်း ရွှေ့ခဲ့သူဖြစ်သည်။ ၎င်းသည် ကွင်းလယ်တိုက် စစ်အပြင် ကွင်းလယ်ခံစစ်ကစားနိုင်သူဖြစ်ပြီး ယခုနှစ်ရာသီတွင် အင်တာမီလန်အသင်းအတွက် ၁၇ ပွဲ ကစားထားရာ နှစ်ဂိုးသွင်းယူ၍ ဂိုးဖန် တီးမှုတစ်ကြိမ် ပြုလုပ်ထားသည်။

မန်ယူသည် ယနေ့ညတွင် ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ အဖြစ် ဘန်လေနှင့်ကစားရမည်ဖြစ် ရာ ရက်ဖို့ဒ်အပါအဝင် ဒဏ်ရာရကစားသမား များ လွဲချော်မည်ဖြစ်သည်။ မန်ယူနှင့် ဘန်လေ တို့ တစ်ဂိုးစီသရေကျမည်ဟု လော်ရိုးက ခန့် မှန်းထားသည်။



ဖတ်ရှုမှုအများဆုံး