ပြောသားပဲ
ထမင်းဝိုင်းတွင် သားအဖနှစ်ယောက် ညစာစားနေစဉ်ဖြစ်သည်။ သားဖြစ်သူက ရုတ်တရက်မေးခွန်း မေးလိုက်သည်။
သား – အဖေ ပိုးဟပ်ပေါက်လေးတို့ အင်းဆက်တို့က စားလို့ရလားဟင်။
ဖခင် – ပေါက်ပေါက်ရှာရှာတွေကွာ၊ ခု ညစာ စားနေတယ်။ ညစ်တီးညစ်ပတ်တွေ မပြောရဘူး။
ထမင်းစားပြီးသော် တီဗီကြည့်ရင်း သားဖြစ်သူ မေးခွန်းကို သတိရသွားသည့် ဖခင်က
ဖခင် – သားရေ ခုနက မေးခွန်းပြန်မေးပါဦး၊ အင်းဆက်တို့ ပိုးဟပ်ပေါက် တို့အကြောင်း။
သား – မမေးတော့ပါဘူး အဖေ၊ ပိုးဟပ်လေးက တကယ်စားလို့ရတာပဲကို။
ဖခင် – ဟေ ဘယ်မှာလဲကွ ပိုးဟပ်ပေါက်
သား – ခုနက အဖေ့စွပ်ပြုတ်ပန်းကန်ထဲမှာလေ။ ခုတော့ အဖေ့ဗိုက်ထဲမှာပေါ့။
- ငြိမ်းအိအိထွေး ဘာသာပြန်သည်။






