အစ်ဟော်လိုနှင့် ဆလီမာနီကို အငှားခေါ်ရန် မန်ယူစီစဉ်

အစ်ဟော်လိုနှင့် ဆလီမာနီကို အငှားခေါ်ရန် မန်ယူစီစဉ်

မန်ယူအသင်းတာဝန်ရှိသူများသည် တိုက်စစ်အတွက် ဝက်ဖို့ဒ်တိုက်စစ်မှူးဟောင်း အစ်ဟော်လိုနှင့် အယ်လ်ဂျီးရီးယားတိုက်စစ်မှူး ဆလီမာနီတို့ကို အငှားဖြင့်ခေါ်ယူရန် အစီအစဉ်ရှိနေကြောင်း စကိုင်းစပို့စ်က ဖော်ပြခဲ့သည်။

မန်ယူတိုက်စစ်ကို ဦးဆောင်နေသော အင်္ဂလန်သား ရက်ဖို့ဒ်မှာ ဒဏ်ရာကြောင့် အနားယူရမည်ဖြစ်သည်။

မန်ယူတိုက်စစ်သည် ပြိုင်ဘက်အသင်းကောင်းများနှင့် နှိုင်းယှဉ်ပါက အားနည်းမှုရှိနေ၍ ဇန်နဝါရီစျေးကွက်အတွင်း တိုက်စစ်အားဖြည့်ရမည် ဖြစ်သည်။

နိုင်ဂျီးရီးယားတိုက်စစ်မှူး အစ်ဟော်လိုသည် ၂ဝ၁၇ ခုနှစ်က တရုတ်စူပါလိဂ်သို့ မပြောင်းမီ ဝက်ဖို့ဒ်အတွက် ပရီးမီးယား ၅၅ ပွဲ ကစားခဲ့ရာ ၁၇ ဂိုး သွင်းယူခဲ့သူ ဖြစ်သည်။

အစ်ဟော်လိုသည် ရှန်ဟိုင်းရှင်ဟွာနှင့် နှစ်နှစ်သက်တမ်း စာချုပ်ကျန်ရှိနေသည်။

ဆလီမာနီမှာ လက်စတာအသင်းအတွက် ၄၆ ပွဲ ကစားခဲ့ရာ ၁၃ ဂိုးသွင်းယူခဲ့ပြီး  လက်ရှိအချိန်တွင် မိုနာကို၌ အငှားဖြင့်ကစားနေသည်။

မန်ယူသည် ဇန်နဝါရီ စျေးကွက်မပိတ်မီ ကစားသမားအများစုကို ခေါ်မည်ဟု သတင်းထွက်နေသော်လည်း မခေါ်နိုင်သေးပေ။



ဖတ်ရှုမှုအများဆုံး