စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့်၌ ဘာစီလိုနာမှာ လီဂါနက်စ်နှင့်တွေ့ဆုံနေပြီး ရီးရဲလ်မက်ဒရစ်မှာ ဇာရာဂိုဇာနှင့် ကစားရမည်ဖြစ်ကြောင်းသိရသည်။ ၁၆ သင်းအဆင့် မဲခွဲပွဲပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယံ ဗလင်စီယာအသင်းမှာ ကယ်တူ ရယ်လီယွန်နက်ဆာကွင်းသို့ သွားရောက်ကစားရမည် ဖြစ်သည်။ ဗလင်စီယာသည် ယမန်နှစ်ဗိုလ်လုပွဲတွင် ဘာစီလိုနာကိုအနိုင်ယူ၍ အသင်းသမိုင်းတစ်လျှောက် ၈ ကြိမ်မြောက် ချန်ပီယံဆုရယူခဲ့သည်။
ချန်ပီယံဟောင်းအသင်း ဘာစီလိုနာသည် ၃၂ သင်းအဆင့်တွင် အသင်းငယ်အိုင်ဘီဇာကို အနိုင်ရခဲ့ပြီး ရီးရဲလ်မက်ဒရစ်မှာ ဆာလာမန်ကာကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
၁၆ သင်းအဆင့်၌ လာလီဂါအသင်းများမှာ အင်အားနည်းပြိုင်ဘက်အသင်းများနှင့် တွေ့ဆုံနေသည်။
ဆီဗီလာမှာ ၁၆ သင်းအဆင့်၌ မီရန်ဒက်စ်နှင့် အဝေးကွင်းကစားရမည်ဖြစ်ပြီး ဘီလ်ဘာအိုမှာ တီနီရိုက်ဖ်ကွင်းသို့ သွားရောက်ကစားရမည်ဖြစ်သည်။
ဗီလာရီးရဲလ်မှာ ဗယ်လီကာနိုနှင့် ကစားရမည်ဖြစ်ပြီး ဆိုစီဒက်မှာ အိုဆာဆူနာကို လက်ခံကစားရမည်ဖြစ်သည်။
ဂရန်နာဒါမှာ ဘာဒါဂျော့ဇ်အသင်းနှင့် တွေ့ဆုံနေကြောင်းသိရသည်။
စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့်ပွဲများကို ဇန်နဝါရီ ၂၉ ရက်၌ စတင်ကစားရမည်ဖြစ်သည်။














