ဘာစီလိုနာနည်းပြဘဝ ပထမဆုံးရှုံးပွဲဖြင့် ဆီတီယန်ရင်ဆိုင်ခဲ့ရ အသင်းကစားပုံမကောင်းဘဲ ဂိုးအခွင့်အရေးမရယူနိုင်ခဲ့ဟု ပြော

ဘာစီလိုနာနည်းပြဘဝ ပထမဆုံးရှုံးပွဲဖြင့် ဆီတီယန်ရင်ဆိုင်ခဲ့ရ အသင်းကစားပုံမကောင်းဘဲ ဂိုးအခွင့်အရေးမရယူနိုင်ခဲ့ဟု ပြော

ဘာစီလိုနာနည်းပြ ဆီတီယန်က ဗလင်စီယာ ကွင်းတွင် နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းတို့အသင်းမှာ ကစားပုံမကောင်းဘဲ ဂိုးအခွင့်အရေးမရယူနိုင်ခဲ့ဟု ဝန်ခံပြောကြားခဲ့သည်။

ဘာစီလိုနာနည်းပြ ဖြစ်လာခဲ့ပြီးနောက် ဆီတီယန်သည် ကနဦးနှစ်ပွဲတွင် အနိုင်ရခဲ့သော် လည်း ဗလင်စီယာပွဲ၌မူ ဘာစီလိုနာနည်းပြဘဝ ပထမဆုံး ရှုံးပွဲကြုံခဲ့သည်။ ဘာစီလိုနာသည် ဘောလုံးပိုင်ဆိုင်မှုရာခိုင်နှုန်း ၇၀ ရရှိအောင် ကစားခဲ့သော်လည်း ချေပဂိုးတစ်ဂိုးပင်မရခဲ့ပေ။ ဘာစီလိုနာ တိုက်စစ်တွင် အဓိကတိုက်စစ်မှူး မက်ဆီနှင့်အတူ ဂရစ်ဇ်မန်း ပါဝင်လာခဲ့ပြီး ကွင်းလယ်၌ ဒီဂျောင်၊ အာသာနှင့် ဘက်စကွက်စ်တို့ကစားခဲ့သည်။ ဗလင်စီယာအသင်း၌လည်း အမာခံကစားသမားများပါဝင်ခဲ့ပြီး ဘာစီလိုနာ ကို ရင်ဆိုင်ခဲ့သည်။

ဗလင်စီယာသည် ပွဲချိန် ၁၂ မိနစ်တွင် ပီကေး၏ဖျက်ထုတ်ပုံကြမ်းတမ်းမှုကြောင့် ပင်နယ်တီရခဲ့ရာ ဂိုမက်ဇ်အပိုင်ကန်ခဲ့သော် လည်း ဘာစီလိုနာဂိုးသမား စတီဂန် ပုတ်ထုတ် ကာကွယ်နိုင်ခဲ့သည်။ ဗလင်စီယာသည် ပွဲချိန် ၄၈ မိနစ်တွင် လက်ဆောင်ဂိုးရခဲ့ပြီး ဘာစီလိုနာ နောက်ခံလူ အယ်လ်ဘာ ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာသည် ချေပ ဂိုးပြန်ရရန် ကြိုးစားခဲ့သော်လည်း အရာမထင် ခဲ့ဘဲ ၇၇ မိနစ်၌ ဒုတိယဂိုး ခွင့်ပြုခဲ့ရပြီး ဗလင် စီယာ တိုက်စစ်မှူး ဂိုမက်ဇ်က သွင်းယူခဲ့သည်။ ဘာစီလိုနာကစားသမားများသည် ၎င်း၏ကစားကွက်စတိုင်နှင့် အသားကျရန် ရုန်းကန် နေရဆဲဖြစ်ဟု နည်းပြဆီတီယန်က ယုံကြည် နေသည်။

ဆီတီယန်က "အမှန်တကယ်ကတော့ ကျွန်တော်တို့အသင်း ကစားပုံမကောင်းခဲ့ပါ ဘူး။ အကောင်းဆုံးခြေစွမ်းမရခဲ့ဘဲ ပထမပိုင်း မှာလည်း ကစားပုံပျက်ခဲ့တယ်။ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတွေ မလုပ်နိုင်ခဲ့ဘူး။ ဗလင်စီယာက အခွင့်အရေးကို အရယူခဲ့တယ်။ ဒါကပဲ ပွဲကိုဆုံးဖြတ်သွားတာပါ။ ရလဒ်က စိတ်ပျက်စရာ ကောင်းပေမယ့် ကစားသမားတွေရဲ့ ရပ်တည်မှုကို ကျွန်တော် ကျေနပ်ဆဲပါ"ဟု ပြောကြားခဲ့သည်။ ဘာစီလိုနာသည် ကြားရက်တွင် စပိန်ဘုရင့်ဖလားပွဲအဖြစ် လီဂါနက်စ် နှင့် ကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး