ဘိုင်ယန်မြူးနစ်ဂိုးပြတ်အနိုင်ရ၊ လီဝမ်ဒေါ့စကီး စံချိန်တစ်ခုလိုက်မီ

ဘိုင်ယန်မြူးနစ်ဂိုးပြတ်အနိုင်ရ၊ လီဝမ်ဒေါ့စကီး စံချိန်တစ်ခုလိုက်မီ

ဘိုင်ယန်မြူးနစ်သည် ဇန်နဝါရီ ၂၅ ရက်က အိမ်ကွင်း၌ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၉ အဖြစ် ရှော်လ်ကေးနှင့် ရင်ဆိုင်ခဲ့ရာ တိုက်စစ်အစွမ်းပြ ခဲ့၍ ငါးဂိုးပြတ် အနိုင်ရပြီး အဓိက တိုက်စစ်မှူး လီဝမ်ဒေါ့စကီးမှာ စံချိန် မှတ်တမ်းကောင်းတစ်ခု လိုက်မီခဲ့ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်နှင့် ရှော်လ်ကေး တို့၏ ပွဲကို ပရိသတ် ၇၀ဝ၀ဝ ကျော် ကြည့်ရှုခဲ့ပြီး ဘိုင်ယန်မှာ ပထမပိုင်း၌ပင် နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သည်။ ဘိုင်ယန်အတွက် အဖွင့်ဂိုးကို လီဝမ် ဒေါ့စကီးက ပွဲချိန်ခြောက်မိနစ်တွင် သွင်းယူခဲ့ပြီး ဒုတိယဂိုးကို မူလာက ပထမပိုင်း ပြီးလုချိန်၌ သွင်းယူခဲ့သည်။

ဘိုင်ယန်မြူးနစ်သည် ဒုတိယပိုင်းတွင်လည်း ဖိအားပေးကစားနိုင် ခဲ့ပြီး ဂိုးများ ထပ်မံရရှိခဲ့သည်။ ဂေါ် ရက်ဇ်ဇကာက ပွဲချိန် မိနစ် ၅၀ တွင် တတိယ ဂိုးသွင်းယူခဲ့ပြီး အယ်ကန် တာရာက ၅၈ မိနစ်တွင် လီဝမ်ဒေါ့ စကီး၏ ဖန်တီးမှုမှတစ်ဆင့် စတုတ္ထ ဂိုးသွင်းယူခဲ့သည်။ ဘိုင်ယန်အတွက် အပိတ်ဂိုးကို ဂါနာဘရီက ပွဲချိန် ၈၉ မိနစ်တွင် သွင်းယူခဲ့၍ ဂိုးပြတ်နိုင်ခဲ့ သည်။

ပိုလန်တိုက်စစ်မှူး လီဝမ်ဒေါ့ စကီးမှာ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၉ အပြီး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့၍ ဘိုင်ယန်တိုက်စစ်မှူးဟောင်း ဂက်ဒ် မူလာ၏ စံချိန်ကို လိုက်မီခဲ့သည်။ ဂက်ဒ်မူလာသည် ၁၉၇၂–၇၃ ဘော လုံးရာသီက ပွဲစဉ် ၁၉ ကစားပြီးချိန် ၂၁ ဂိုးရယူထားခြင်းဖြစ်သည်။

ဘိုင် ယန်မြူးနစ် အဓိက ကစားသမား တစ်ဦးဖြစ်သူ သောမက်စ်မူလာမှာလည်း အိမ်ကွင်းတွင် ဘိုင်ယန်ကစားသမားဘဝ ဂိုး ၁၀ဝ ပြည့် သွင်းယူ နိုင်ခဲ့သည်။ ဂိုးပြတ်နိုင်ပွဲရပြီး အဆင့် တစ်နေရာမှ လိုက်ပ်ဇစ်ကို ဖိအား ပေးနိုင်၍ နိုင်ပွဲအတွက် ကျေနပ်မိကြောင်း ဘိုင်ယန်မြူးနစ် နည်းပြ ဖလစ်ခ်က ရှော်လ်ကေးနှင့်ပွဲအပြီး ပြောကြားခဲ့သည်။



ဖတ်ရှုမှုအများဆုံး