တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှု အခြေ အနေကြောင့် ဖရဲ၊ -သခွား ရောင်းချ သူများ အရှုံးပေါ်နိုင်၍ရောဂါထိန်းချုပ်နိုင်သည့်အချိန်မှသာ တင်ပို့ရောင်း ချမှုပြုလုပ်ကြရန် မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန် စည်ဒိုင်မှ ဇန်နဝါရီ ၂၇ ရက်က အထူး အသိပေးကြေညာချက်ထုတ်ပြန်ထား ကြောင်း သိရသည်။
''ခြုံပြောရရင် တရုတ်ဘက်ကူး စက်မြန်ကပ်ရောဂါကြီးကြောင့် ဖရဲ၊-သခွားဈေးကွက်ကို တိုက်ရိုက်ဆိုးကျိုး သက်ရောက်ပါပြီ။ အခုအခြေအနေက မူဆယ်တက်ဖို့ ဖရဲ-၊ သခွားများခူးဆွတ် မှု၊ တင်ပို့မှုလုံးဝရပ်ထားသင့်ပါတယ်'' ဟု သစ်သီးဝလံကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောသည်။
လက်ရှိအချိန်၌ ဝူဟန်ဒေသမှ အစပြုသော Corona Virus ဝူဟန်ကူးစက်မြန်ရောဂါကြောင့် တရုတ် နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ကြေညာ၍ လူစုလူဝေး၊ ပျော်ပွဲရွှင်ပွဲ၊ ခရီးသွားလာမှုလမ်းကြောင်းများကို တရုတ်နိုင်ငံအစိုးရမှ ကန့်သတ်ထား ချိန်လည်းဖြစ်သည်။
''ဒီရက်ပိုင်း တောင်သူတွေအနေနဲ့ လုံးဝမတင်သင့်ဘူး'' ဟု သစ်သီးဝလံ ကုန်စည်ဒိုင်အသင်းမှ တာဝန်ရှိသူ တစ်ဦးက မြန်မာတိုင်းမ်နေ့စဉ်သို့ ပြောသည်။
ဖရဲသီး-၊ သခွားမွှေးထုတ်လုပ်တင် ပို့ရောင်းချသူတောင်သူများ နစ်နာ ဆုံးရှုံးမှုမဖြစ်စေရေးအတွက် တရုတ် နိုင်ငံဘက်မှ အဆိုပါရောဂါကိုထိန်းချုပ် နိုင်ပြီး အခြေအနေတည်ငြိမ်သည်အထိ စောင့်ဆိုင်းပြီးမှသာ တင်ပို့ကြပါရန် အသိပေးထားခြင်းဖြစ်သည်။







