ကိုရိုနာဗိုင်းရပ်စ်သတင်းကြောင့် မန္တလေး ဈေးကွက်တွင် Maskဝယ်ယူသူများပြားသဖြင့် ဇန်န ဝါရီ ၂၇ ရက်နောက်ပိုင်း Maskအမျိုးအစား အားလုံးနီးပါး ပြတ်လပ်လျက်ရှိရာ စင်ကာပူ နိုင်ငံသို့ မှာယူထားပြီး ဗိုင်းရပ်စ်ကာကွယ်ရန် ထုတ်လုပ်သော Maskများကိုသုံးလျှင် ပိုမို သင့်လျော်သည်ဟု မန္တလေးမြို့ ၂၇ လမ်းမှ ISO Pharmacy (Founder) ဦးဝင်းမောင် ဌေးက ပြောသည်။
ပြည်တွင်းဈေးကွက်၌ Maskအမျိုးအစား ခြောက်မျိုးခန့်ရှိပြီး N 95အမျိုးအစား Maskတွင် မော်ဒယ်နံပါတ်ဖြင့် ကာကွယ်မှုရှိစေရန် ခွဲခြားထုတ်လုပ်ထားခြင်းဖြစ်ကာ ဗိုင်းရပ်စ်ကာ ကွယ်ရေးအတွက် N 95-1860 မှာ သင့်လျော် သော Maskဖြစ်ကြောင်း သိရသည်။
''ဘယ်အခြေအနေဖြစ်ဖြစ် ပုံမှန်ဈေးနဲ့ ရောင်းတယ်။ ဆိုင်မှာ Maskလက်ကျန်မရှိ တော့ဘူး။NGOတစ်ခုက Maskနှစ်သောင်း ကျော်လောက် ဝယ်သွားတယ်။ ဘယ်လို Maskမျိုးသုံးသင့်တယ်ဆိုတာ သိပ်မသိကြသလို N 95လို့ ပြောတာနဲ့ မပြည့်စုံဘူး။ သူ့မှာ ၈၂၁ဝ နဲ့ ၉၂၁ဝ က ဖုန်ကာကွယ်တာမျိုး အတွက်ပါ။ အခုပုံစံမျိုးမှာ ၁၈၆ဝ သုံးသင့်တယ်။ ဘယ်Maskဖြစ်ဖြစ် မတပ်တာနဲ့စာရင် တပ်ထား တာကောင်းပါတယ်''ဟု ဦးဝင်းမောင်ဌေးက ပြောသည်။
Maskအမျိုးအစားတွင် တစ်ခါသုံး၊ ပြန် လျှော်သုံး၊ ခွဲစိတ်ခန်းသုံး၊ ဖုန်အကာအကွယ်နှင့် ဗိုင်းရပ်စ်အကာအကွယ်ဟူ၍ရှိရာ ဈေးကွက် တွင်Maskများ အားလုံးနီးပါး ပြတ်လပ်နေ သကဲ့သို့ အချို့ဆိုင်များက မူလဈေးနှုန်းထက် သုံးဆကျော် ဈေးတင်ရောင်းချမှုများ ရှိနေပြီး တခြားဆိုင်တချို့တွင် တစ်ခါသုံး Maskများ ကိုပင် ပုံမှန်ဈေးနှုန်း ၁ဝ ခုလျှင် ကျပ် ၃၂ဝ ဝန်းကျင်မှ ယနေ့တွင် ကျပ် ၂,ဝဝဝ ဈေးနှင့် ရောင်းချမှုများရှိပြီး ပစ္စည်းပြတ်လပ်နေကြောင်း သိရသည်။
''လမ်း ၃ဝ ကဆိုင်မှာ တစ်ခါသုံးMaskအစိမ်းလေးသွားဝယ်တာ ၁ဝ ခုပက်ကင်ပဲ ကျန် တော့တယ်။ ကျပ် ၂,ဝဝဝ ဆိုလို့ မဝယ်ဘဲပြန် ခဲ့တယ်။ အရင်က အလွန်ဆုံး ၄ဝဝ ပေါ့။ အခု ဈေးတက်တာက သုံးဆလောက်ဖြစ်နေတယ်'' ဟု မြို့ခံတစ်ဦးကပြောသည်။
ပုံမှန်ဈေးနှုန်းများအရ N 95 Maskအစစ်ဆိုပါက တစ်ခုလျှင် ကျပ် ၁,၉ဝဝ ဝန်းကျင်၊ ဆင်တူယိုးမှားဆိုပါက ကျပ် ၂,ဝဝဝ ဝန်း ကျင်ရှိပြီး ၈၂၁ဝ နှင့် ၉၂၁ဝ မှာ ကျပ် ၁,၄၅ဝ ရှိကြောင်း၊ ရန်ကုန်မြို့၌လည်း ဝယ်လိုအား ကြောင့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး တစ်ခုလျှင် ကျပ် ၃,၅ဝဝ ပေါက်ဈေး အရောက်တွင် ပစ္စည်းများ ပြတ်လပ်သွားခဲ့ကြောင်း သိရသည်။
ဦးဝင်းမောင်ဌေးက ဆက်လက်ပြောကြား ရာတွင် ''ရန်ကုန်မှာက မန္တလေးထက်စောပြီး ပစ္စည်းပြတ်သွားတယ်။ စင်ကာပူက ကုမ္ပဏီကို မှာထားတာက အကြောင်းမပြန်သေးဘူး။ ဒီည နေလောက်မှာ မြန်မာနိုင်ငံအတွက် ဘယ် လောက်ရမယ်။ ဘယ်နေ့ရမယ်ဆိုတာ သိရ မယ်။ N 95 မှာ စက်ရုံသုံးနဲ့ ဗိုင်းရပ်စ်သုံးဆိုပြီး ခွဲထားတာကို သိပ်မသိကြဘူး''ဟု ပြောသည်။
အလားတူ တရုတ်နိုင်ငံနယ်စပ်ကုန်သွယ် ရေး အဓိကဖြစ်သည့် မန္တလေး–-လားရှိုး–မူဆယ် ပြည်ထောင်စုလမ်းမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်မြို့များတွင် Mask များ ပြတ်လပ်နေပြီး လက်ကျန်များကို ဈေးနှုန်းမြှင့်ရောင်းချမှုများရှိနေကြောင်း ဒေသခံ များထံမှ သိရသည်။
















