အက်ဝုဒ်ဝက်ဒ်၏နေအိမ်ကို မန်ယူပရိသတ်များ မီးရှို့

အက်ဝုဒ်ဝက်ဒ်၏နေအိမ်ကို မန်ယူပရိသတ်များ မီးရှို့

ချက်ရှိုင်းယားရှိ မန်ယူ အသင်းအကြီးအကဲ အက်ဝုဒ်ဝက်ဒ်၏  ပေါင်နှစ်သန်းတန် နေအိမ်ကို ပရိသတ် ၂ဝ ခန့်က မီးကျည်၊ မီးခိုးဗုံးများဖြင့် တိုက်ခိုက်ကာ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အင်္ဂလန်သတင်းများက ရေးသားခဲ့ကြသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၈ ရက်ညပိုင်း တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝုဒ်ဝက်ဒ်၏ နေအိမ်ထဲသို့ ပရိသတ်တစ်ဦးက မီးကျည်ပစ်လွှတ်နေသည့် ဗီဒီယိုဖိုင်မှာ အွန်လိုင်း ပေါ်အထိ ပျံ့နှံ့ခဲ့သည်။ အသက် (၄၈) နှစ်အရွယ် အက်ဝုဒ်ဝက်ဒ်နှင့် ၎င်း၏မိသားစုသည် အခင်းဖြစ်ခဲ့စဉ်က နေအိမ်၌ မရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အက် ဝုဒ်ဝက်ဒ်၏ နေအိမ်ရှေ့အထိလာရောက်ကာ ပြဿနာရှာခဲ့သည့် ပရိသတ်များထဲတွင် လူ ရမ်းကားအဖွဲ့“Men In Black” မှ လူများပါဝင်ခဲ့သည်ဟု ယုံကြည်ရသည်။

ပရိသတ်များသည် အက်ဝုဒ်ဝက်ဒ်၏နေ အိမ်ကို မီးကျည်မီးပန်းများဖြင့် ပစ်ပေါက်ခဲ့ကြပြီး မီးခိုးဗုံးလည်း အသုံးပြုခဲ့သည်။ ပရိသတ်များသည် အက်ဝုဒ်ဝက်ဒ်ကို ရည်ရွယ်၍ အသက်အန္တရာယ် ခြိမ်းခြောက်သည့်စာသား များပါဝင်သော သီချင်းများလည်း ဟစ်ကြွေးခဲ့ ကြပြီး တံခါးမကြီးကို မှုတ်ဆေးများအသုံးပြု၍ ဖျက်ဆီးခဲ့ကြသည်။ ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူသွားရန် ဂရိတ် မန်ချက် စတာရဲတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မန်ယူက ထုတ်ပြန်ခဲ့သည်။

မန်ယူသည် လတ်တလောရလဒ်များဆိုးရွားနေပြီး နည်းပြဆိုးလ်ရှားမှာ ဖိအားပိုများနေသည်။ မန်ယူပရိသတ်များက အက်ဒ်ဝုဒ် ဝက်ဒ်၏ အသင်းဆိုင်ရာ လုပ်ဆောင်ချက်များကို လုံးဝသဘောမကျဘဲ အက်ဝုဒ်ဝက်ဒ် အသင်းမှ ထွက်သွားရန်တောင်းဆိုနေကြသည်။

အက်ဝုဒ်ဝက်ဒ် လက်ထက် မန်ယူအသင်းသည် အောင်မြင်မှုများဖြင့် ဝေးကွာနေပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုဖလား ပြန်မရသေးဘဲ အက်ဖ်အေဖလားနှင့် လိဂ်ဖလားတို့ကိုသာ ပိုင်ဆိုင်ခဲ့သည်။ မန်ယူသည် ယမန်နှစ်ကပရီး မီးယားလိဂ်တွင် အဆင့်(၆)သာရခဲ့သည်။ မန်ယူသည် နောက်ဆုံး ပရီးမီးယားလိဂ်နှစ်ပွဲ ကစားခဲ့ရာ လီဗာပူးနှင့် ဘန်လေကို ရှုံးနိမ့်ခဲ့ ပြီး လာမည့်ဖေဖော်ဝါရီ ၂ ရက်၌ ဝုလ်ဗာဟမ် တန်ကို လက်ခံကစားရမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး